🌵37🌵

15.6K 1.9K 350
                                    

#Unicode
ဒီနေ့ အလုပ်ပိတ်ရက်ဖြစ်ပြီး အပြည့်အဝအနားယူသည့် ရက်မို့ ဂျောင်ဂု တစ်နေကုန် အလုပ်အားလို့နေသည်။
မာမီနဲ့ အဖေကလည်း မိတ်ဆွေအချို့နဲ့ ပရဟိတ လုပ်ရန်သွားတာမို့ အိမ်မှာ ရှိမနေ။
ကျွန်တော်လည်း ထွေထွေထူးထူးလုပ်စရာရှိမနေတာကြောင့် ခြေလှမ်းတွေက ရေကူးကန်ဘက်သို့ ထွက်ခဲ့လိုက်သည်။

ရေကူးကန်နားမှာ စိုက်ထားသော cactus ပင်တွေကို သွားကြည့်ပြီး ရေကူးရန်အတွက်ဖြစ်သည်။
ရေကူးကန်နားရောက်တော့  ဂျောင်ဂုထက်အရင်ရောက်နေသူက Gureum နဲ့ ထယ်ယောင်း...။

ထယ်ယောင်း လက်ထဲက ဘောလုံးအနီလေးကို ခပ်ဝေးဝေးသို့ပစ်လိုက်တော့ Gureum ကအပြေးလေးသွားကောက်ပြီး ထယ်ယောင်းဆီ ပြန်ပြေးလို့လာသည်။
ထယ်ယောင်းက ပြန်ပစ်ထုတ်လိုက်,Gureum က ကောက်လိုက်ဖြင့် နှစ်ယောက်သား အတိုင်ဖောက်ညိီညီဖြင့် ဆော့လို့နေ၏။

"တော်ပြီကွာ...ငါမောသွားပြီ Gureum ရ.."

Gureum ခေါင်းလေးကိုပွတ်ပေးပြီး ထယ်ယောင်းကပြောတော့ နားလည်ဟန်ဖြင့် ထယ်ယောင်းမျက်နှာကို လျှာဖြင့်ယက်၍ ကျီစယ်၏။
ထယ်ယောင်းက Gureum အပြုအမူကြောင့် တခစ်ခစ်ရီရင်း တွန်းထုတ်လို့နေသည်။

ထို့နောက် ရေကူးကန်ဘောင်ပေါ်၌ထိုင်ရင်း ရေထဲသို့ ခြေထောက်လေးတွဲလောင်းချထိုင်ကာ ခြေဖျားလေးနဲ့ရေတွေကို ထိခတ်၍ ဆော့ကစားနေပြန်၏။
ဒီကောင်လေးကို နေမကောင်းဖြစ်မှာ စိုးရိမ်မိပေမယ့်လည်း သူထိုင်နေသော နေရာ၌ အရိပ်ကျနေတာမို့ စိုးရိမ်စရာတော့မရှိပါဘူးလေ။

ရေဆော့နေရတာကို သဘောကျသည့်ပုံဖြင့် ပြုံးနေသော မျက်နှာလေးဟာ တကယ့်ကို ရင်အေးဖွယ်...။
အနည်းငယ်ရှေ့သို့ ထွက်နေပြီဖြစ်သော ဗိုက်လုံးလုံးလေး​က အူဂျူလေး ကောင်းမွန်စွာနဲ့ကြီးပြင်းလာနေကြောင်းကို ပြသနေသည့် အမှတ်အသား....

သေချာတယ်....အူဂျူလေးက ထယ်ယောင်းနဲ့တူရင် အရမ်းကို ချစ်စရာကောင်းမှာပဲ။

"ပျင်းနေတာလား..?"

မောင့်အသံကြောင့် ထယ်ယောင်း မော့ကြည့်မိတော့ အသက်ရှုတောင်ရပ်တော့မလိုပဲ...
မောင်က ရေကူးဝတ်စုံက်ို ဝတ်ထားတာမို့  ဖုထစ်နေသည့် ကြွက်သားတွေက ရင်ဖိုစရာ....
ကြွက်သားအပြည့်နဲ့ပေါင်လုံးဖြူဖြူတွေဟာ လေ့ကျင့်ခန်းဘယ်လောက်ထိလုပ်ထားသလဲလို့ မေးစရာမလိုသည်အထိ ဖွံ့ဖြိုးတောင့်တင်းလို့နေ၏။

CACTUS....🌵[ completed ]Where stories live. Discover now