🌵8🌵

15.3K 1.9K 922
                                    

#Unicode
/မောင့်မှာ ချစ်သူရှိတယ်.../

ဒိုင်ယာရီစာမျက်နှာလေးပေါ် ချရေးထားမိတဲ့ စာကြောင်းလေး....။
တစ်ကြောင်းတည်း ဆိုပေမယ့် ထယ်ယောင်း ရင်ကွဲဖို့လုံလောက်နေခဲ့သည်။

အိမ်ပြန်ရောက်တည်းက စာအုပ်ထဲထိုတစ်ကြောင်းသာ ချရေးပြီး လူက ငိုင်နေမိတာ ကြာပြီ။
မြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်တွေးမိတိုင်း နှလုံးသားဟာ ဆူးစူးသလို တဆစ်ဆစ်နဲ့ရယ်...

မထင်မှတ်ပဲ ကြုံတွေ့ခဲ့ရသည့် မနေ့ညက မြင်ကွင်း။
တကယ်တော့ အပေါ်ထပ်ကို အစားသောက်သွားပို့ဖို့က ဂျီဝန်းတာဝန်ပင်။
လက်နာနေသည်ဟုပြောလာသော ဂျီဝန်းကြောင့် ထယ်ယောင်းက ကူညီလိုက်တာ...။
အပေါ်ထပ်မှာ CEO Liam ရဲ့ဧည့်သည်ရောက်နေတယ်လို့ပဲ ပြောတာမို့ ဂျောင်ဂုဖြစ်နေခဲ့လိမ့်မယ်လို့တော့ မထင်ခဲ့ဘူးလေ။

ဟင်းရည်ပန်းကန်လေးကို သယ်လာပြီး အပေါ်ထပ်သို့ တက်လာလိုက်တော့မြင်လိုက်ရသည့် မြင်ကွင်းကြောင့်  ရှော့ခ်ဖြစ်သွားခဲ့ရသည်။
လက်ထဲက ပန်းကန်ပင် လွတ်ကျတဲ့အထိ လူကတုန်လှုပ်သွားခဲ့တာ..

လက်ချင်းချိတ်လို့ ပြုံးနေတဲ့ ဂျောင်ဂုနဲ့ကောင်မလေးတစ်ယောက်ကို မတွေ့ခင်အထိ ထယ်ယောင်းပျော်နေခဲ့တာပါ။
ထိုမြင်ကွင်းကိုတွေ့တွေ့ချင်း နာကျင်လာသော နှလုံးသားကြောင့် မထိန်းနိုင်ပဲ ငိုခဲ့မိတယ်။

ကျွန်တော် အတွေးတိမ်မိခဲ့တယ်။
မောင့်လို ပြီးပြည့်စုံတဲ့ သူမျိုးမှာ ပိုင်ရှင်ရှိနိုင်တယ်ဆိုတာကို ဘာလို့များမတွေးမိခဲ့ပါလိမ့်..?
တိတ်တခိုးချစ်ခဲ့ရပါသော ကျွန်တော့်အချစ်ဦးမှာလည်း ပိုင်ရှင်ဆိုတာရှိနိုင်တာပဲလေ။

သေချာတွေးကြည့်ရင် ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လွန်းနေခဲ့တာပဲ။
ကိုယ်ချစ်နေမိတဲ့ အချစ်ဦးမို့ ကိုယ်ပဲ ပိုင်ရမယ်ဆိုတဲ့ အတ္တစိတ်လေးက ကျွန်တော့်ရင်ထဲ မသိမသာ ခိုအောင်းနေခဲ့တယ်ထင်ပါရဲ့...။
မောင့်ချစ်သူက မောင်နဲ့လိုက်ဖက်လွန်းပါတယ်လေ။
သေချာမကြည့်ဖြစ်တာတောင် ချောမောတဲ့သူမပုံရိပ်က အထင်းသားပဲ။
တောက်ပနေတဲ့ အရှိန်အဝါနဲ့တင် ဂုဏ်ကြီးသူ မိန်းမပျိုမှန်း သိသာနေခဲ့တာပေါ့။

CACTUS....🌵[ completed ]Where stories live. Discover now