🌵Final🌵

27.6K 2.2K 536
                                    

#Unicode
​​ခြောက်နှစ်ခန့်ကြာပြီးနောက်........။

မနက်ခင်းနေရောင်ခြည်နုနုလေးထွက်ပေါ်စပြုနေသော ဆိုးလ်မြို့၏ မနက်ခင်း.....။
ထိုသို့သော နေ့သစ်တစ်ခု၏ အစနဲ့အတူတူ ခြံကျယ်ထဲရှိ တိုက်အိမ်လေးရဲ့ မီးဖိုချောင်၌လည်း နံနက်စာပြင်ဆင်ရင်း အလုပ်ရှုပ်နေသူတစ်ဦးရှိခဲ့သည်။

"အားလုံးပြီးသွားပြီ...ပြည့်စုံတယ်.."

သမိီးအတွက် ပြင်ဆင်ထားသော မနက်စာကို ကြည့်၍ ကျေနပ်စွာရေရွတ်လိုက်ပြီး ခါးမှာဝတ်ထားသော အေပရွန်ကို ဆွဲဖြုတ်လိုက်သော တက်တူးအပြည့်နဲ့လက်တစ်စုံ၌ ပေါ်နေသော အကြောစိမ်းတွေသည်ယောင်္ကျားပီသကာ သန်မာမှုကို ပြသလို့နေ၏။

မနက်စာပြင်ပြီးပြီဆိုတော့ ချစ်ရတဲ့ အမျိုးသားလေး နဲ့ သမီးလေးကို နှိုးရပေဦးမည်။
ဒါက company အလုပ်ပိတ်ရက်တိုင်း ဂျောင်ဂု ယူနေကြ တာဝန်တစ်ခု။အခုဆို ကျွန်တော်တို့မိဘအိမ်ကနေ ခွဲနေနေတာမို့ ဒီခြံလေးက ကိုယ်ပိုင်မိသားစုရိပ်မြုံလေးပေါ့။

အပေါ်ထပ်သို့တက်လာလိုက်ပြီးနောက် ပထမဦးစွာဖြင့် ပန်းရောင်အခန်းတံခါးလေးကို ဖွင့်လိုက်တော့ မင်းသမီးလေးက  နိုးနေခဲ့ပြီ။

"မောနင်း....မင်းသမီးလေး အူဂျူ..."

"ဒယ်ဒီ~~ အူဂျူကို ချီ.."

အနက်ရောင် ဆံပင်ရှည်လေးတွေ ရှုပ်ပွလို့နေပြီး အိပ်ရေးမဝသေးသည့်ဟန်ဖြင့် ချီခိုင်းနေသည့် ချစ်စဖွယ်သမီးလေးကြောင့် ဂျောင်ဂု ပြုံးမိရသည်။

"ချီမှာပေါ့....ဒယ်ဒီ မင်းသမီးလေးရေ.."

ပွေ့ချီလိုက်တော့ ပုခုံးပေါ်မှောက်ပြီး ဇိမ်လုပ်နေတာမို့ ကျောကို အသာလေးပွတ်ပေးလိုက်သည်။
စိတ်ကျေနပ်အောင် ငါးမိနစ်လောက်အထိ ချီပိုးပေးထားလိုက်ပြီးမှ...

"ကဲ.....ဇိမ်မလုပ်နေပဲ မျက်နှာသစ်ပြီး မနက်စာ စားကြရအောင်....ခနနေ အန်ကယ်လ် Liam လာခေါ်တော့မယ်လေ..."

"ဟုတ်ကဲ့ ဒယ်ဒီ..."

"အူဂျူလေးက ကိုယ်တိုင်လုပ်တက်တယ်မဟုတ်လား.....သွားကို ​သေချာပြောင်အောင်တိုက်ပြီးရင် မနက်စာစားဖို့အောက်ဆင်းခဲ့နော်....ဒယ်ဒီကို မောနင်း ကစ်လေး ပေးပါဦး..."

CACTUS....🌵[ completed ]Où les histoires vivent. Découvrez maintenant