🌵52🌵

18.4K 1.8K 436
                                    

#Unicode
တစ်လကြာပြီးနောက်.....။

SkyBlue Hotel ရဲ့ VIP Diamond Hall ၌ ဝန်ထမ်းအချို့ နှင်းဆီဖြူတွေနဲ့ အလှဆင်ရင်း အလုပ်ရှုပ်လို့နေကြသည်။

"နှင်းဆီအဖြူတွေ သေချာနေရာချထားပြီးပြီလား...ဂျီဝန်း...ပန်းကိုသတိထားပြီးကိုင်....မကြွေစေနဲ့နော်..."

Liam ၏နှုတ်မှ ညွှန်ကြားမှုကြောင့် နှုတ်ခမ်းတွေမဲ့သွားရသူက ဂျီဝန်း။

မင်္ဂလာဆောင်မယ့်သတို့သားနေရာမှာ သူ့သူငယ်ချင်းလား ဒါမှမဟုတ် သူကိုယ်တိုင်တက်ဆောင်မှာလားတောင် မသဲကွဲတော့ဘူး။
နှင်းဆီကိုလည်းအဖြူမရရင် မဝယ်နဲ့....မညိုးစေနဲ့...အပွင့်ကြီးကြီးကို ရွေးဝယ်! ဟူသော ကြီးကြီးကျယ်ကျယ်စကားတွေပြောနေတာများ Hotel ပိုင်ရှင်လို့ မထင်ရပဲ ဂျီးများတဲ့အဒေါ်ကြီးတွေ အလိုမကျသလို ပွစိပွစိနဲ့ နားငြီးလှ၏။

တကယ်ဆို နှစ်ဖက်မိဘလောက်ပဲ ဖိတ်ထားသည့်ပွဲကို Liam က တကယ့် wedding တွေအတိုင်းပြင်ခိုင်းနေတော့တာ...

ထယ်ယောင်းကို အဲ့လောက်ပဲ ချစ်သလား..။
လက်ထပ်တော့မယ့်ပွဲက်ို ထယ်ယောင်းရဲ့ သတို့သားဖြစ်သူက မစီစဥ်ပဲ သူချည်းပဲ စီစဥ်နေတာ အမြင်ကိုကတ်တယ်။
အဝေးကိုရောက်သွားတော့မယ့်လူကို အကဲပိုပြနေမယ့်အစား အနားမှာရှိနေတဲ့သူရဲ့ စိတ်ကို မြင်အောင်ကြည့်ပါလား ကိုယမ်ယမ်ရဲ့။

"ဟေးးးးကိုယ်ပြောတာ ကြားလား....ဘာတွေတွေးနေတာလဲ.."

"ကြားတယ်..!ကြားတယ်...!လုပ်နေတာပဲ မဟုတ်လား..?"

ပက်ခနဲပြန်အော်သော ယန်းဂျီဝန်းဆိုသည့်ကောင်လေးကြောင့် Liam ခနတော့ကြောင်သွားရသည်။
ထယ်ယောင်း သူငယ်ချင်းလို့ကို မပြောရဘူး။စွာလိုက်တာမှ လွန်ရောပဲ။

"ဒေါသထွက်နေတာလား..?"

"ဘာကိုလဲ..?"

"မသိဘူးလေ....မင်းက ငါ့ကို အော်နေတော့ စိတ်ဆိုးနေသလားလို့ပါ..."

"ထင်လို့ပါ.....ကျွန်တော်က CEO ကြီးကို မအော်ရဲပါဘူး..."

မအော်ရဲပါဘူးသာ ပြောတာ ​အခုကို ပြောနေရင်း အသားလွတ်ကြီး မျက်စောင်းထိုးသွားသေး၏။
အစကတော့ ဒီကောင်လေးနဲ့ အရမ်းကြီးမရင်းနှီးပေမယ့် ထယ်ယောင်းနဲ့တွေ့ပြီး ပြန်လာတဲ့ နေ့က လမ်းမှာ ဂျီဝန်းနဲ့ဆုံပြီး ခံစားရသမျှကို မူးမူးနဲ့ ရင်ဖွင့်မိရာကနေ အခုတော့အတော်လေး ရင်းနှီးလာခဲ့ကြသည်။
ဒါပေမယ့် အခုတစ်လော ဂျီဝန်းက ကျွန်တော့်အပေါ်မှာ စိတ်ဆိုးစိတ်ကောက်တဲ့အမူအရာလုပ်လာတာကို သတိထားမိနေ၏။

CACTUS....🌵[ completed ]Where stories live. Discover now