🌵18🌵

15.4K 1.9K 684
                                    

#Unicode
စျေးဝယ်ပြီး အိမ်ပြန်ရောက်သည်အထိ စကားတစ်ခွန်းမှ မပြောသေးသော ထယ်ယောင်းကို ကြည့်ပြီး Liam မှာ သက်ပြင်းချမိသည်။

မိနစ်ပိုင်းလောက်လေးကပဲ ပြုံးရီနေခဲ့လို့ စိတ်ပူတာလျော့သွားခဲ့ရပေမယ့် ဂျောင်ဂုနဲ့တွေ့ပြီး ပြန်မှိုင်နေတာတွေ့ရတော့လည်း ရင်ထဲမကောင်း။
ဒီပန်းလေး အမြဲတမ်းလန်းနေစေဖို့ ဘယ်လို မေတ္တာတွေနဲ့ ပျိုးထောင်ရပါ့မလဲလေ။

"ထယ်ယောင်း.."

"ဟင်.."

"ညစာအတွက် ဘာစားချင်လဲ.."

ငြိမ်နေသော ထယ်ယောင်းကို အစားအသောက်နဲ့ မြှူဆွယ်ကြည့်တော့ အလုပ်မဖြစ်ပဲ ငြင်းပယ်ခံလိုက်ရသည်။

"ကျွန်တော် ဘာမှ မစားချင်ဘူး.."

ဒီတိုင်းသာဆို ကြာရင် ကျန်းမာရေး ထိခိုက်တော့မှာပဲ....။
မဖြစ်တော့ဘူး...။
ခေါင်းငုံ့လျက် ခုံပေါ်မှာ ထိုင်နေသော ကောင်လေးရှေ့သို့ Liam ဒူးထောက်ထိုင်ချလိုက်၏။

"ကိုယ့်ကို ကြည့်.."

ငွေ့ရည်ဖွဲ့နေသော အညိုရောင် မျက်လုံးလေးဖြင့် မရဲတရဲကြည့်သည်။

"မင်း ရင်ထဲမှာ ခံစားနေရတာတွေ သက်သာအောင် ကိုယ့်ကိုပြော​ပြပေးနိုင်မလား....အခုချိန်မှာ မင်း စိတ်ဖိစီးလို့ မဖြစ်ဘူးလေ..."

မျက်ဆံညိုလေးတွေက လှုပ်ရှားလို့သွားသည်။

"Liam ~ ဒီလိုကိစ္စတွေကြောင့် ကျွန်တော့်ကို အထင်သေးလားဟင်.."

မေးရက်လိုက်တာကွာ..။
ငါ မင်းကို ဘယ်လောက်ထိ မြတ်နိုးလဲဆ်ိုတာ မင်း မသိလို့ပါ။

"အရူးလေး....ကိုယ် မင်းကို ဘာလို့ အထင်သေးရမှာလဲ...ဒီလိုတွေ ဖြစ်လာတာ ကံတရားရဲ့ အလိုကျပဲ....မင်းရဲ့ အမှားမဟုတ်ဘူးလေ..."

Liam တောင် ဒီလ်ိုမျိုး တွေးပေးနိုင်တာ မောင်က ဘာလို့များ  ရက်စက်နိုင်တာလဲ။

"ကျွန်တော်လေ ဘယ်လောက်ပဲ ကံဆိုးနေပါစေ.....စိတ်ဓါတ်မကျအောင် နေခဲ့တယ်...အခု ဒီအခြေကို ရင်ဆိုင်ရဲတယ်လို့ ဟစ်ကြွေးနေပေမယ့် တကယ်တမ်းကျ ကျွန်တော် အဆင်မပြေဘူးဗျာ.."

CACTUS....🌵[ completed ]Where stories live. Discover now