🌵38🌵

15.1K 1.9K 308
                                    

#Unicode
"မသွားပါနဲ့..."

ဆေးရုံကအပြန် သူမကို အိမ်အထိ လိုက်ပို့ပေးတော့ ဂျောင်ဂုလက်ကို ဆွဲ၍ တားမြစ်လို့လာသော နာဘီ...

"သွားတော့မယ်..."

ဂျောင်ဂု ဂရုမစိုက်စွာပင် ဆွဲဖယ်သည့်တိုင် သူမက အလျှော့မပေး..။
အတင်းမရမက ဆက်ဆွဲလို့ထားသည်။

"မသွားပါနဲ့...ခနလေးပါပဲ...ခနလေးပဲ ကျွန်မနားမှာ နေပေးပါ ဂျွန်ရယ်..."

ကျွန်တော့်လက်မောင်းတွေကို ဖက်တွယ်ရင်းနဲ့ပင် နာဘီက ငိုယိုကာတားသည်။

"မင်း မာနတွေ ဘယ်ရောက်သွားတာလဲ နာဘီ..."

ဂျွန်က သူမကို မကြည့်...။
မျက်နှာလွှဲလျက်နဲ့ မေးခွန်းထုတ်သည်။
မျက်နှာတောင် မကြည့်ချင်တော့တဲ့အထိ အဲ့လောက်တောင် ဖြစ်နေခဲ့တာလား ဂျွန်ရယ်။

"ဂျွန်နဲ့ပက်သက်ရင် ဒီမာနတွေကလည်း အသုံးမဝင်တော့ပါဘူး.."

"နားထောင်လို့တော့ ကောင်းသားပဲ....အစတည်းကမင်း ဒီလိုမျိုး တွေးခဲ့ရင် မင်းနဲ့ငါကြားပြောင်းလဲသွားစရာ အကြောင်းမရှိဘူး.."

"အခု...အခု ပြင်ဖို့ မှီသေးတယ်လေ ဂျွန်ရယ်....ရှင် ကျွန်မကို ချစ်နေတာပဲ မဟုတ်လား.."

"ငါ မင်းကို အမှန်တိုင်းပြောနေတာ နာဘီ...မင်းကို မချစ်တော့ဘူး ဆိုတာကို ဘယ်နှစ်ခါပြောရမလဲ..."

"ဘာကြောင့်လဲ..? အကြောင်းပြချက်က ဘာလဲ..?"

"အကြောင်းပြချက်က ဘယ်သူမှမဟုတ်ဘူး..မင်းပဲ နာဘီ...မင်းကိုယ်တိုင်ပဲ ငါ့အချစ်တွေကို အေးစက်သွားအောင် လုပ်ပစ်ခဲ့တာ....စိတ်ကုန်အောင် လုပ်ပစ်ခဲ့တာလည်း မင်းပါ..."

"ဟင့်အင်း...ကျွန်မ မှားသွားပါတယ်...ရှင့်ထက်ပိုပြီး အလုပ်ကို ဦးစားပေးခဲ့မိတယ်ဆိုတာလည်း ဝန်ခံပါတယ်...အခု ခွင့်လွှတ်ပေးရင် နောက်ထပ်အမှားတွေကို မကျူးလွန်တော့ဘူးလ်ို့ ကျွန်မ ကတိပေးနိုင်တာမို့ တစ်ခါလောက်ပဲ အခွင့်ရေးပေးပါ...."

ဒီလိုကတိစကားတွေကို ကြားချင်ခဲ့တဲ့ အချိန်မှာတုန်းကတော့ သူမဟာ မာနတံခွန်လွှင့်ထူရင်း အရာရာကို အနိုင်နဲ့ပိုင်းသည်။
အလ်ိုရှိမှ မြဲချင်ပါတယ်ဆိုပြီး ဆွဲထားရင်တောင် အရာရာဟာ အရင်လို လှပနေမှာ မဟုတ်တော့ဘူး။

CACTUS....🌵[ completed ]Where stories live. Discover now