🌵25🌵

16.7K 2K 642
                                    

#Unicode
"အားလုံး အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ ထယ်ယောင်းရေ..."

"ဟုတ်ကဲ့ လာပါပြီ.."

မောင့်မေမေက လှမ်းခေါ်နေတာမို့ ထယ်ယောင်း လွယ်အိတ်လေးကို ယူ၍ ဆင်းလာခဲ့သည်။
ဒီနေ့က ဆေးရုံမှာ ရက်ချိန်းပြန်ပြရမည့် နေ့မို့ မောင့်မေမေက အတူတူသွားရန် ခေါ်နေခြင်းပင်။
ထယ်ယောင်းအောက်ထပ်ကို ရောက်ခဲ့တော့ အန်တီကစောင့်နေပြီး မောင်ကတော့ ကားပေါ်မှာ ရှိနေခဲ့သည်။

"ကဲ....တက် သား...ဂျောင်ဂုက ဆေးရုံက်ို လိုက်ပို့ပြီးတာနဲ့ company ကို တန်းသွားရမှာလေ....."

"ဟုတ်ကဲ့အန်တီ..."

ထယ်ယောင်း နဲ့ အန်တီက အနောက်မှာ ဝင်ထိုင်လိုက်ပြီးနောက် မောင့်မေမေက အရှေ့ခန်းမှ မောင့်အား...

"ရပြီ ဂျောင်ဂု....သွားရအောင်..."

ကားကို ကျွမ်းကျင်စွာမောင်းထွက်ရင်း နောက်ကြည့်မှန်ထဲကတစ်ဆင့် ထယ်ယောင်းကို မျက်လုံးတစ်ချက်လှန်ကြည့်သော မောင်...။
ထယ်ယောင်းနဲ့အကြည့်ချင်းဆုံမိတော့ ချက်ချင်းပင် မျက်လုံးကိုလွှဲသွားသည်။

ကျွန်တော့်ကို စောင့်နေရတာ ကြာသွားလို့များ မောင်က ခပ်တည်တည်ဖြစ်နေတာလားဟု တွေးမိပြန်သည်။

"နေလို့ထိုင်လို့ရော အဆင်ပြေရဲ့လား ထယ်ယောင်း.....တစ်ခုခုအဆင်မပြေတာရှိရင် ချက်ချင်းပြောနော် ..ဘာမှ အားမနာနဲ့  သိလား သား..."

"ဟုတ်ကဲ့ အန်တီ....ကျွန်တော် အဆင်ပြေပါတယ်.."

"ဟုတ်ပြီ သား...ပြီးတော့ မကြောက်နဲ့နော်....သားအတွက် ဘာမှစိတ်ပူစရာမရှိအောင် အကုန်ပြင်ဆင်ထားမှာ...အန်တီရဲ့ မြေးချောချောလေးကိုသာ ကျန်းကျန်းမာမာနဲ့ မွေးဖွားပေးနိုင်ရင် ရပါပြီ..."

ကျွန်တော့်လက်ဖဝါးတွေကို ဆုပ်ကိုင်၍ အန်တီက ပြုံးပြုံးလေးပြော၏။
ဗိုက်ထဲက ကလေးလေးကို မောင် မကြည်ဖြူပေမယ့် အဖိုးတွေအဖွားတွေက ကြည်ဖြူပြီး ချစ်ပေးနေတာမို့ ထယ်ယောင်း ရင်ထဲ ဝမ်းသာရပါသည်။

မောင့်ကို လှမ်းကြည့်မိပြန်တော့ ကားကိုသာ အာရုံစိုက်လို့ မောင်းနေဆဲ။
.
.
.
ဆေးရုံကိုရောက်တော့ မောင်က Company ကို တန်းသွားသည်။
မောင့်မေမေနဲ့ကျွန်တော်ကတော့ ဆရာဝန်ဆီသွားတွေ့ကြ၏။

CACTUS....🌵[ completed ]Where stories live. Discover now