🌵Extra 1🌵

10.1K 932 40
                                    

"ဒုတိယမြောက် နှောင်ကြိုးလေး"

ဆေးရုံရဲ့ ခွဲစိတ်ခန်းရှေ့၌ စုဝေးနေကြသည့် မိသားစုတစ်သိုက်....

သူတို့က ဂျောင်ဂုရဲ့ အဖေနဲ့အမေရယ်,ပြီးတော့ ထယ်ယောင်းမေမေ Rosy နဲ့ အူဂျူတို့ အပြင် Liam နဲ့ ဂျီဝန်းတို့ပဲ ဖြစ်၏။

အူဂျူကိုတော့ Liam ကချီထားသည်။

အခုလိုမျိုး အတူတစ်ကွ ရှိနေရသည့် အကြောင်းက ထယ်ယောင်းရဲ့ဒုတိယမြောက်ကိုယ်ဝန်အား မွေးဖွားမည့်နေ့ဖြစ်သောကြောင့်ပင်။

ထယ်ယောင်းကတော့ ခွဲခန်းထဲမဝင်ခင် ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်နေသည်မို့ ရောက်မသေးပဲ အခန်းထဲမှာပဲ ရှိနေသေးသည်။

"အများကြီး စိတ်လှုပ်ရှားနေလား ထယ်.."

ချွေးစေးတွေပြန်နေသော ထယ်ယောင်းရဲ့လက်ဖဝါးလေးကိုညင်သာစွာ ဆုပ်ကိုင်ရင်း မေးမိတော့ ခပ်နွမ်းနွမ်းလေးပြုံးပြလို့လာသည်။

ဒုတိယမြောက် ဒီကိုယ်ဝန်ကို လွယ်ထားရတည်းက မွေးဖွားသည့်အခါ ခက်ခဲလိမ့်မည်ဟု ဆရာဝန်၏ မှတ်ချက်စကားကြောင့် ထယ်ယောင်းမှာ အများကြီး ပင်ပန်းခဲ့ရတာ ဖြစ်၏။ဒါပေမယ့် ထယ်ယောင်းက ကြိုးစားမယ်ဟုစိတ်ပိုင်းဖြတ်ပြီး သားကို ယူခဲ့တာဖြစ်သည်။

"ကျွန်တော် အဆင်ပြေပါတယ်...သားကို မွေးတဲ့အခါ မောင် ရှိနေပေးမယ် မလား.."

"ရှိနေမှာပေါ့ ထယ်ရယ်...အားမငယ်ရဘူးနော်..မောင့်ရဲ့ ဆူးပင်လေးက သန်မာတယ်မဟုတ်လား..."

"မောင်~ အကယ်လို့များ...အကယ်လို့များပေါ့....သားနဲ့ကျွန်တော့်ကို ရွေးဖို့ဖြစ်လာရင်လေ...သားကိုပဲရွေးရမယ်နော်..."

"တော်ပြီ ထယ်....ကျိန်းသေပေါက် သားရော ထယ်ပါ တူတူပြန်လာခဲ့ပါ...မဟုတ်ရင် မောင်ရူးသွားလိမ့်မယ်..."

ထယ်ယောင်း နဖူးလေးကို ဖွဖွနမ်းရင်း ရင်ခွင်ထဲထွေးပွေ့လို့ထားမိသည်။

ဘယ်လိုများ ရွေးရက်ပါ့မလဲ...သားကလည်း အရေးကြီးသလို ထယ် ကလည်း မောင့်ရဲ့ အသက်ပဲဟာ...အဆုံးရှုံးမခံနိုင်ပါဘူး။

ဒီဝေဒနာတွေကို ယူပေးလို့ရရင် ဂျောင်ဂုယူပေးချင်ပါသည်။

အကောင်း ငါးဆယ်..အဆိုး ငါးဆယ် ညီညီမျှမျှ ဒွန်တွဲနေသည့် ဒီခက်ခဲမှုကို အဆင်ပြေပြေကျော်လွှားနိုင်ဖို့ကိုလည်း ဆုတောင်းနေမိသည်။

CACTUS....🌵[ completed ]Where stories live. Discover now