🌵13🌵

15.2K 1.9K 396
                                    

#Unicode
"ဒေါက် ဒေါက် ဒေါက်.."

တံခါးခေါက်သံကြောင့်  ဆုပ်ကိုင်ထားမိသော ထယ်ယောင်းရဲ့ လက်လေးကို ဂျောင်ဂု လွှတ်ပေးလိုက်မိသည်။
အခန်းထဲ ဝင်လာခဲ့သူက Liam...

"မင်းက ဒီရောက်နေတာကိုး.."

"အွန်း...ကောင်လေးတစ်ယောက်က မင်း ဒီမှာရှိတယ် ပြောလို့လေ.."

Liam နှုတ်ခမ်းတွေက ပြုံးနေသော်လည်း မီးခိုးရောင်မျက်ဝန်းတို့ကစူးလဲ့လို့နေသည်။

"ထယ်ယောင်းက အစာမကြေဖြစ်ပြီး နေမကောင်းလို့ ဆေးခန်းလိုက်ပို့ပြီး ငါက အစည်းအဝေးမှာရှိနေခဲ့တာပါ...မင်းရော ဖုန်းလည်းကြိုမဆက်ပဲရောက်လာတာ...ဘာကိစ္စရှိလို့လဲ..?"

ဂျောင်ဂုမှာ Liam ကို သေချာမကြည့်ရဲ..။စောနက ထယ်ယောင်းလက်ကို နမ်းမိတာကြောင့် စိတ်က မလုံမလဲဖြစ်လို့နေ၏။

"ငါတို့ Company ရဲ့ ပွဲတစ်ခုကို မင်းဟိုတယ်မှာ လုပ်ချင်လို့ ဘိုကင်လာယူတာ.....ဖုန်းမဆက်လည်း ရမယ်ထင်လို့လေ.."

"နောက်ဆို ဖုန်းကြိုဆက်ပါ....အခုလိုမျိုး ငါမအားတာနဲ့ကြုံရင် အကြာကြီး ထိုင်စောင့်နေရမှာ..."

"ရပါတယ်...မင်း အခုအားပြီလား.."

"အားနာပေမယ့် မင်း နောက်နေ့မှ ထပ်လာခဲ့မလား...?ထယ်ယောင်း နိုးလာတဲ့အခါ ငါ သူ့ကို အိမ်ပြန်လိုက်ပို့ပေးရအုန်းမှာမို့ မင်းကို အချိန်ပေးနိုင်မယ်မထင်ဘူး..."

အိပ်ပျော်နေသော ထယ်ယောင်းကို ကြည့်၍ Liam ကပြောသည်။
ကျွန်တော့်ဆီမှာ ဘယ်လိုကိစ္စပဲရှိရှိ Liam က မဆိုင်းမတွ ကူညီပေးတက်သည်သာ။
အခုကျ နောက်နေ့မှ ပြန်လာခိုင်းနေတာမို့ ဂျောင်ဂုစိတ်ထဲ နည်းနည်းတော့ ခုသွားရ၏။
ဒါပေမယ့် Liam လေသံက အေးဆေးပဲမို့ သူ့မှာ စိတ်ဆိုးရလည်းခက်လှသည်။

"အဆင်ပြေတယ်မဟုတ်လား."

အတွေးများနေသော ကျွန်တော့်ကို Liam ကထပ်မေးလာသည်။

"မင်း မှ မအားတာ ဘယ်တက်နိုင်ပါ့မလဲ...နောက်နေ့မှ ထပ်လာခဲ့မယ်.."

"ကောင်းပြီ Bro!....ချက်ချင်း မကူညီနိုင်ခဲ့တာ အားနာပါတယ်. "

သူ့ပုခုံးကို တစ်ချက်ပုတ်၍ Liam ကပြုံး၍ နှုတ်ဆက်လာသည်။

CACTUS....🌵[ completed ]Where stories live. Discover now