"မေ......ရှင်းလေ.....ရှမ်းခေါက်ဆွဲစားချင်တယ်သိလား....."

"ဘယ်သိမလဲ......"

"ဟင့်"

မေကသိလားကိုဘယ်သိမလဲဆိုကာရွဲ့လေတော့.....ဆူပုတ်သွားသောကလေးငယ်.....

"ကလေးကလည်း......မေကဘာလုပ်လာလဲမသိပူး.....ချိုင့်ပါလာတယ်လေ......အာ့စားလိုက်"

"မမကလည်း....."

"ကလေးငယ်နော်........"

ကလေးထက်ပိုချွဲပြတော့ရီပြကာ...."မငြင်းနိုင်တော့ပါပူး"တဲ့......

"အမယ်လေးနော်......မအေကိုရှေ့ထားပြီး....ကြည်နူးနေကြတာ....တော်ပြီအေ....ငါပြန်တော့မယ်....."

"ဟာ....မေ့"

မေကပြောကာပြန်ယောင်ပြုတော့....ကလေးငယ်ကစလိုင်းတိုင်ဆွဲကာ....လိုက်ဆွဲလေသည်.....

"မေကလည်း.....ကလေးကိုစနေပြန်ပြီ....ဒါနဲ့လေမေ....ဟီး....ဟိုထဲကဘာတွေလဲ.....ယွန်းဗိုက်ဆာနေပြီ...."

"ဟယ်....ငါ့သမီးလေးကဆာနေပြီလား.....ယွန်းလေးကြိုက်တဲ့ငါးပေါင်းပါလာတယ်...လာလာ...."

ယွန်းလက်ကိုဆွဲကာချထားတဲ့စားပွဲခုံပေါ်သို့....ထိုင်ကာ.....ချိုင့်တွေပါဖွင့်ပေးကာ...."အရိုးမဆူးအောင်သေချာပေါင်းထားတာ..သိလား"ကစလို့အတင်းဂရုစိုက်နေသောမေ့ကြောင့်.....လူနာကရှင်းလား....မ'လားမကွဲတော့ပေ.....

"ဪ......လူနာကရှင်းမဟုတ်ပူးကိုး......."

တကိုယ်တည်းကြားရုံရေရွတ်လိုက်သော်လည်း.....ရှင်းဆီအာရုံရောက်နေသူယွန်းကကြားလိုက်သည်.....ရှင်းကလည်းကုတင်လေးပေါ်ပြန်ထိုင်ကာ....computerကိုထုတ်ပြီး....အကိုမှုးသီဟပို့ထားတဲ့mailတွေစစ်နေလိုက်သည်......

မေနဲ့ယွန်းကတော့ငါးပေါင်းစားလိုက်....စကားပြောလိုက်....တမင်လုပ်နေမှန်းရှင်းသိပါသည်.....ရှင်းကိုစရလို့....မ'သာပျော်နေရင်....ရှင်းကျေနပ်ပါသည်လေ.....

ယွန်းတစ်ယောက်အသံထွက်မလာတော့သော....ကလေးငယ်အားကြည့်မိသည်.....အလုပ်တွေလုပ်နေပြန်ပါပြီ.....နာရီလှမ်းကြည့်တော့.....7:00AM.....7:30ရင်ဆရာဝန်roundလှည့်လာမည်....ဆေးမသောက်ရသေးရင်.....ဆေးချိန်တိုးသွားနိုင်သည်....ဆေးသောက်ဆေးသွင်းနေရတာ....ကလေးငယ်ငြီးငွေ့နေလောက်ပြီဖြစ်သည်......

Lovely Ma Ma ⚡💛⚡Kde žijí příběhy. Začni objevovat