အပိုင်း ( ၁ ) unicode

Start from the beginning
                                    

"ကျေးဇူးပဲ။ မင်းခဏသွားနားလိုက် ပြီးရင်ပြောမယ်..။"

ရှောင်ကျန့် အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ကိုထုတ်ပေးလိုက်ပြီးပြောလိုက်သည်။ တာ၀န်ကျ၀န်ထမ်းမှ လက်နှစ်ဖက်ဖြင့်ကမ်းယူကာ ဦးညွှတ်၍အခန်းပြင်ကိုထွက်သွားလေ၏။

"ကဲ..ကျွန်တော်အလုပ်လုပ်တော့မယ် ခင်ဗျား ဒီအတိုင်းကြီးပဲရပ်ကြည့်နေမလို့လား။"

ရှောင်ကျန့် အသင့်ယူလာသည့်လက်ဆွဲအိတ်ထဲမှ ကိရိယာတန်ဆာပလာများကိုထုတ်လိုက်သည်။ ပြီးနောက် လက်အိပ်ကိုစွပ်ရင်း ဘေးမှရပ်နေသည့်အမျိုးသမီးကိုပြောလိုက်ခြင်းဖြစ်၏။

ထိုအမျိုးသမီးသည်ခွဲစိတ်စားပွဲပေါ်မှ လှုပ်ရှားမှုကင်းမဲ့ကာအေးစက်နေသည့် သူမခန္ဓာကိုယ်အား ၀မ်းနည်းနေသည့် မျက်နှာဖြင့် တစ်ချက်မျှစိုက်ကြည့်ကာ ကျောခိုင်းသွားသည်။ ရှောင်ကျန့်လှုပ်ရှားမှုကိုစတင်လိုက်၏။

သည်နေ့ ၃နာရီကြာ ခွဲစိတ်ခန်းကို နှစ်ကြိမ်တိတိ၀င်လိုက်ရသည့် ရှောင်ကျန့်အတွက် လက်ချောင်းလေး တစ်ချောင်း ပင် မလှုပ်ရှားချင်တော့သည်အထိ ပင်ပမ်းနေပြီဖြစ်သည်။ အိမ်ပြန်ရောက်သည်နှင့် ထိုးအိပ်ပြစ်လိုက်မည်ဟု မာန်ကို တင်းလျှက် အိမ်သို့ရောက်အောင်ပြန်ခဲ့ခြင်းပင်ဖြစ်သည်။

သို့သော် ဆေးရုံမှထွက်စဥ်ကတည်းမှ သူ့ဘေးနားတဂျီဂျီငိုကြွေးကာသူမလိုက်ပါလာခြင်းဖြစ်သည်။ သူမ သည် မနက်အစောပိုင်း၌ ကားတိုက်ခံရ၍သေဆုံးသွားသူဖြစ်သည်။ သူမ၏ကိုယ်၀န်မှာ မွေးဖွားရန် တစ်လသာလိုတော့၏။ ထိခိုက် မှုပြင်းထန်သလို ဆေးရုံသို့ရောက်သည့်အချိန် မိခင်ကောကလေးပါ အသက်မဲ့နေပြီဖြစ်သည်။

သာမန်စိတ်မကောင်းမှုထက်ပိုသည့်ခံစားမှုမျိုးပင်ဖြစ်သည်။ လူ့လောကထဲသိုရောက်ရန်မည်မျှမှမလိုတော့သည့် အချိန်ကာလတစ်ခုမှာပင်ပြန်ထွက်သွားရသော ကလေးအတွက် ရှောင်ကျန့်စိတ်မကောင်းဖြစ်မိ၏။ ကောင်းကင်မှအပ်တစင်း နှင့် လူပြည့်မှအပ်တစင်းထိကောင်းထိနိုင်သည်။ လူတစ်ယောက်ဖြစ်ဖို့ လူ့ဘ၀ကိုရဖို့ မလွယ်ကူဘူး ဆိုသည့် ရှေးစကားများ သည်ယုံတမ်းမဟုတ်။

The Edge of Shored (Completed)Where stories live. Discover now