If Possible ( Part - 4 )

Beginne am Anfang
                                        

" မောင်လေးက ကိုကြီးကိုချစ်မိနေတာလား "

မျက်နှာညှိုးရင်း ခေါင်းကိုငုပ်လိုက်တယ်

" ဟုတ်တယ် အစ်မ ၊ ကျွန်တော်သူ့ကိုချစ်မိ
နေတယ် ဒါပေမယ့်လည်း ကျွန်တော်လုပ်နိုင်မှာ
မဟုတ်ပါဘူး သူပြန်ချစ်လာအောင် မလွယ်ကူ
ပါဘူး ထင်ပါတယ် "

ပြုံးပြီးတော့သာ ပြောနေပေမဲ့ သူမျက်နှာပေါ်က အပြုံးတွေကညှိုး‌နွမ်းနေခဲ့တယ် ၊ အဲ့အမူအရာလေးကိုမြင်တွေ့ရတဲ့ ခင်ရင်းဆက်ဟာ စိတ်မကောင်းစွာနဲ့ ခရောင်သွေးကိုပွေ့ဖက်
မိလိုက်၏

" အဆင်ပြေသွားမှာပါ ခရောင် , အစ်မ ဒီကိစ္စ
အတွက်ဖုံးကွယ်ပေးထားပါ့မယ် နော် ခ "

" ဟုတ် "

မထင်မှတ်ပဲ မျက်ရည်စလေးတွေပါကျဆင်း
လာခဲ့တယ် အော် သူတကယ်ချစ်မိသွားတာပဲ ~

" အခု ဘယ်မှာနေနေလဲ အစ်မ အန်တီနဲ့တွေ့ချင်တယ် လိုက်တွေ့လို့ရမလားဟင် "

" အာ ~ ရတာပေါ့အစ်မရဲ့ လိုက်ခဲ့နော် ကျွန်တော်လဲအစ်မနဲ့စကားပြောပြီးရင် အိမ်ပဲ
တန်းပြန်လိုက်ဖို့လုပ်ထားတာ လိုက်ခဲ့လေ အစ်မ ရတယ် "

" အင်း ဒါဆို သွားကြတာပေါ့ အစ်မမှာကားပါတယ် အဝင်ပေါက်အထဲမှာ ကားရပ်ထားတယ်
လာ သွားကြရအောင် "

" ဟုတ် အစ်မ ခင် "

စကားလက်စသတ်ပြီးသည်နှင့် ချက်ချင်းပင်
ကားရှိရာကိုဦးတည်ခဲ့ပြီး ခရောင်သွေးလည်း
ကားရှေ့ခန်းထဲကိုဝင်ပြီးမှ ခင်ရင်းဆက်ကလည်း ကားမောင်း၍ ခရောင်အိမ်သို့ မောင်းထွက်ခဲ့လေသည်

( အိမ်သို့ရောက်တော့ )

အိမ်ရှေ့တွင် ကားကိုရပ်လိုက်ပေမဲ့ ကားပေါ်ကနေချက်ချင်းမဆင်းသေးပဲ ခင်တစ်ယောက်
အတွေးပေါင်းစုံဖြစ်၍နေလေတယ်

" အစ်မ အစ်မ ခင် ဘာဖြစ်လို့လဲဟင် "

" အစ်မ စိတ်ပူနေလို့ မဟုတ်ဘူး အစ်မကြောက်
မိနေလို့ အန်တီသွေးက အစ်မကိုမြင်ရင်မောင်းများထုတ်မလားလို့လေ ၊ အစ်မဒါကိုနဲနဲတော့
ကြောက်မိတယ် ခရောင် , အန်တီစိမ်းစိမ်းကားကားဆက်ဆံမှာကို အစ်မမလိုလားဘူး "

If possible ~Wo Geschichten leben. Entdecke jetzt