If Possible ( Part - 4 )

Start from the beginning
                                        

ခရောင်သွေးပါးစပ်ကတုံ့ပြန်လာတဲ့အသံဟာ
ခင့်ရင်ထဲ နေလို့မကောင်းခဲ့ဘူး သူလည်းမျက်နှာပျက်ရှာတယ် တခါတလေ သူ့အမေရဲ့
လုပ်ရပ်ကျ တချို့တွေရှေ့ မျက်နှာတောင်မပြရဲလောက်တဲ့အထိပါပဲ

" ဘာမှမဖြစ်နဲ့တော့နော် မောင်လေးမှာ အစ်မ
တစ်ယောက်လုံးရှိပါတယ် ဘာမှငိုမနေနဲ့တော့
နော် မောင်လေးက ချစ်ဖို့ကောင်းလိုက်တာ နာမည်ဘယ်လိုခေါ်လဲ "

" သား နာမည်က ခရောင်သွေး ပါ "

" ဝါး နာမည်လေးကလှလိုက်တာ "

" ဟုတ်ကဲ့ ကျေးဇူးပါ "

" မောင်လေး အမေနာမည်က သွေးနုရောင်လို့
ပြောတယ် ဟုတ်လား မောင်လေး "

" ဟုတ်တယ် အစ်မ ၊ မမနဲ့သိတာလားဟင် "

" သိတယ်ရယ်လည်းမဟုတ်ပါဘူး အမက
မြင်တော့မြင်ဖူးပါတယ် မောင်လေးရဲ့ ၊ မောင်လေးက မောင်လေးအမေနဲ့တူတာနော် အာ့ကြောင့်ချောတာ "

" ဟုတ် "

" စိတ်တော့မကောင်းပေမယ့် အခုအစ်မက
London မှာသွားပြီး ကျောင်းသွားတက်ရမှာ
မောင်လေးရဲ့ "

" ဟာ ဟုတ်လား မမ ၊ London နိုင်ငံကို သား
သိတယ် မမ ၊ သားအရမ်းသွားချင်နေတဲ့နိုင်ငံ
တခုပဲ "

" ဟုတ်လား ဒါဆို ငါ့မောင်လေးကြီးလာရင်
မမလိုက်ပို့ပေးပါ့မယ် "

" ဝါး ~ တကယ်လားမမ "

" အင်း "

နှစ်ယောက်လုံးကတော့တကယ့်ကိုချစ်ချစ်
ခင်ခင်ပါပဲ ခင်ရင်းဆက်ကတော့အဲ့ထဲက
ခရောင်သွေးလေးအပေါ်မှာ တော်တော်သံယောဇဉ်ရှိရှာတယ် သူ့မောင်လေးအရင်းလို
သူခရောင်သွေးအပေါ်ကို အရမ်းချစ်ရှာတာ

______________

" မင်းသိတယ်ဟုတ် အစ်မမင်းကိုဘယ်လောက်
သတိရနေမှန်း "

" ဟုတ် သိပါတယ် မ ၊ ကျွန်တော်လည်းသတိရ
နေခဲ့တာပါ "

" အခု မောင်လေးက ခရောင်သွေးဆိုတာ
ကိုကြီးသိပြီးပြီလား "

ခရောင်က ခေါင်းကိုဖြည်းဖြည်းလေးခါရမ်း
ပစ်လိုက်တယ်

" ဟင့်အင်း သူမသိပါဘူး ၊ ကျွန်တော်သူနဲ့
ရင်းရင်းနှီးနှီးနေချင်သေးတာကြောင့်လည်း
ပါပါတယ် သူ့ကိုအမှန်အတိုင်းမပြောပြနိုင်သေး
ဘူး အစ်မ , ကျွန်တော်ကြောက်တယ် ပြီးတော့
ကျွန်တော်သူ့ကိုသဘောကျတယ် အစ်မ "

If possible ~Where stories live. Discover now