" ကျွန်တော်က ဘယ်သူ့ရဲ့သားလဲဆိုတာပါ
ထည့်ပြောလိုက်ပါ ဖေဖေ "
" သား "
ဦ်းခံ့ညားတို့ မျက်နှာပျက်နေလိုက်တာများ
ကြည့်လို့တောင်မကောင်းဘူး
" ဖေဖေ သူက ဘယ်သူလဲဟင် "
ခရောင်ရဲ့ မသိတသိ စကားသံ ၊ ကလေးဆိုတော့အကြည့်လေးတွေက ကြောင်တိကြောင်တောင် သူ မသိ၍နေလေ၏
" ဟ "
ရယ်တာကိုက လူမိုက်ဆန်ဆန်ဖြင့်
" သူ သူတဲ့လား ဟက် . အဖေ ကျွန်တော်က
အဖေ့ရဲ့သားပါလို့ ပြောလိုက်ပါအုန်း . တော်ကြာမသိပဲ နေနေအုန်းမယ် "
" သား "
အပေါ်ထပ်ကနေ စကားသံတွေကိုကြားရတော့
ဒေါ်အဏ္ဏဝါခင် ချက်ချင်းပဲအောက်ကိုဆင်းလာခဲ့တယ် ရုန်းရင်းဆန်ခတ်နဲ့
" မင်းက ဟိုမိန်းမရဲ့သားလား "
" ဗျာ "
" ဟင်မ်း မင်းတကယ်မသိသေးတာပဲ . ဒီမှာ
ငါကမင်းအဖေရဲ့ ပထမမိန်းမ မယားကြီးပဲ "
" ဟမ် . ဖေဖေ ဒီမိန်းမကြီးကဘယ်သူကြီးလဲ
ဖေဖေ့ပထမမိန်းမတဲ့လား ဒါဆိုသားမေမေကရော ဖေဖေ "
" မင်းအမေက မယားငယ်မ မင်းသိထားဖို့က
မင်းအဖေက မင်းအမေကိုမချစ်ဘူး မချစ်ပဲ
ပေါင်းခဲ့တာ နားလည်လား မင်း "
" အဏ္ဏဝါ မင်းပါးစပ်ကိုချက်ချင်းပိတ်လိုက်စမ်း "
ဒေါသအလိပ်လိုက်ထွက်လာကာ အော်ငေါက်
လိုက်သည့် ဦးခံ့ညားကို ဒေါ်အဏ္ဏဝါက အံ့ဩ၍
" အော် ... ရှင့်မယားငယ်မရဲ့သားဆိုတော့
ရှင်ကတော်တော်ဖြစ်နေတာလား ဟမ် "
" မင်းရူးနေလား ကလေးရှေ့မှာဒီစကားတွေက
ပြောစရာကိုမလိုတာ ကလေးကငယ်သေးတယ်
မင်းဒါကိုနားမလည်ဘူးလား "
" ကျွန်မက ဘာကိုနားလည်ပေးရမှာလဲ ဘာကိုများနားလည်ပေးဖို့လိုလို့လဲ ရှင့်ဖာသာ ကျွန်မ
မသိအောင် အဲ့မိန်းမကိုယူခဲ့တာလေ ၊ ဒီကိစ္စမှာ
ကျွန်မဘက်ကမှားတာဘာမှကိုမရှိတာ ရှင်ကမှ
မှားတာ ၊ ဒီမှာ မင်းကိုငါပြောမယ်နော် ငါကမင်းအဖေရဲ့ ပထမဇနီး အဏ္ဏဝါခင် ပဲ ၊ ဒါကငါ့သား မင်းအဖေရဲ့သားအရင်း မယားကြီးနဲ့ရတဲ့သား . မင်းက မယားငယ်နဲ့ရတဲ့သားဆိုတော့
ငါ့သားလောက် တန်ဖိုးမရှိဘူး အဲ့တော့မင်းသိ
ထားရမှာက အခုမင်းအဖေနဲ့မင်းအမေနဲ့က
လမ်းခွဲလိုက်ကြပြီ ၊ မင်းအိမ်ကို မင်းအဖေက
ထပ်ပြီးမလာနိုင်တော့ဘူး ရှင်းရှင်းပြောရရင်
မင်းအဖေနဲ့အမေနဲ့က လင်မယားတွေမဟုတ်ကြတော့ဘူး "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 4 )
Start from the beginning
