၁၅မိနစ်လောက် လမ်းလျှောက်ပြီးနောက်...
"အဟွတ်...အဟွတ်...."
ရုတ်တရက်ချောင်းဆိုးလာတဲ့ Jungkookကြောင့် သူအမြန်ပဲ အနားသွားကာ လက်ကို တွဲလိုက်ရင်း...
"လာ...အခန်းပြန်မယ်...."
"ခဏလေးပါ ဟိုမှာ သီချင်းဆိုမို့လား မသိဘူး ကြည့်ချင်လို့...."
ဆေးရုံဆိုပေမဲ့ တစ်ချို့လူနာတွေ အပျင်းပြေပျော်ရွှင်စရန် သီချင်းလာဆိုတဲ့ လမ်းဘေးအနုပညာရှင်လေးတွေ ရှိလေသည်....
"လူကသာ လူမမာ ဟိုဟာလုပ်ချင်ရတာနဲ့ ဒီဟာလုပ်ချင်ရတာနဲ့ ...."
"ခဏလေးပါပဲ တစ်ပုဒ်လောက်ပဲ နော်..."
အတင်းတောင်းဆိုနေတဲ့ ရှေ့က ယုန်ပေါက်ကြောင့် သူလဲ ဘာမှ ဆက်မပြောတော့ဘဲ ဝတ်ထားတဲ့ အနွေးထည်ကိုသာ ချွတ်ပြီး ဆေးရုံဝတ်စုံသာ ဝတ်ထားတဲ့ ထိုကောင်လေးကို ဝတ်ပေးလိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကို တအံ့တဩကြည့်လာပြန်သည်....
"ဟမ်း!...အဟမ်း...နောက်ထပ် ထပ်ဖျားရင် ငါ အလုပ်ပျက်မှာစိုးလို့..."
ဒီတစ်ခါတော့ မျက်လုံးတွေ မှိတ်ပြီး ရှေ့သွားလေး နှစ်ချောင်း ပေါ်ထွက်သည်အထိ ရီပြလာသည်.... Taehyungလဲ ရုပ်တည်ကြီးနဲ့ ထိုအပြုံးလေးကို ကြောင်ကြည့်နေမိရင်း ထိုယုန်ပေါက် မျက်နှာလွှဲသွားမှသာလျှင် နှုတ်ခမ်းကို အသာချိတ်ကာ သူခိုးပြုံးမိလိုက်သည်....
ဂီတာသံလေးက တဖြည်းဖြည်း ပန်းခြံအတွင်းလွင့်ပြယ်လျက်....
ထို့အတူ ခုံလေးပေါ် ထိုင်ကာ နားထောင်နေတဲ့ သူတို့နှစ်ဦးဆီသို့ သံစဉ်လေးတွေကဟာလည်း လွင့်ပြယ်လာတော့သည်....
ဆိုးလ်မြို့ရဲ့ အေးစက်လှတဲ့ ရာသီဥတုနဲ့ အတူ ဝမ်းနည်းဖွယ်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်......
သီချင်းလေး နာမည်က 'Only Then'တဲ့
အာ့သီချင်လေးအတိုင်းပါပဲ ကိုကို....
'ကိုကို သာ တခြားတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် ပြီးတော့ ကျွန်တော်သာ ကိုကို့ကို မေ့နိုင်သွားပြီဆိုပြီး တိတ်တိတ်လေးသာ ကျွန်တော် ထွက်သွားမှာပါ...'
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT (11)
Start from the beginning
