အပြုံးလေးဖြင့် လက်ရမ်းပြကာ ထွက်သွားတဲ့ Chanhwaဆိုတဲ့ ထိုကောင်လေးကိုကြည့်ပြီး
'အရမ်းဖြူစင်ပြီး ကူညီတတ်တဲ့ ကောင်လေးပါလား...' ဟုသာ Taehyung မှတ်ချက် ချလိုက်သည်....

မနက် ၁၀နာရီလောက်က အိပ်ပျော်သွားတဲ့ Jungkookက နေ့လည် ၂နာရီလောက်မှာတော့ နှိုးလာသည်...

အပျင်းကြောဆန့်ကာ အားရပါးရ သမ်းရင်း အခန်းထဲ  ဝေ့ကြည့်လိုက်တော့...
"အမယ်လေး!!.."

Jungkookလန့်လဲ လန့်ချင်စရာ လူနာစောင့်ခုံမှာ အသံတစ်ချက်‌လေးမှ‌ တောင် မပေးဘဲ မျက်တောင် မခပ်တမ်းစိုက်ကြည့်နေတဲ့ Taehyungက သူမနှိုးခင်ကတည်းက ထိုနေရာမှာ ရှိနေတာ ဖြစ်လောက်သည်....

"ဗိုက်ဆာနေပြီလား..."

"ဟုတ်..."

"ဘာစားချင်လဲ စားချင်တာပြော...."

"ရေခဲမုန့်...."

"သေချင်နေတာလား...."

"hyungပဲ စားချင်တာ ပြောဆိုလို့ ပြောတာလေ...."

"နည်းနည်းလေး စဉ်းစားပြောလေ...ဒီလောက် သေမတတ်ဖျားထားတာကို ရေခဲမုန့် စားချင်နေသေးတယ်..."

"အဲ့ဒါဆို ဘာလို့ လာမေးနေသေးတာလဲ ကြိုက်တာသာ ဝယ်ကျွေးလိုက်လေ...."

"ငါ ထု ထည့်လိုက်ရ ပြန်ပြောနေတယ် ငါမင်းထက် ၈နှစ်လောက်ကြီးတာ မမေ့နဲ့..."

သူ ငေါက်လောက်တော့ ဟွန့်' ဟုဆိုကာ နှုတ်ခမ်းဆူသွားတဲ့ ထိုကောင်လေးငယ် ၊
တကယ်ပါပဲ ြကက်ပေါက်လေးလား ယုန်ပေါက်လေးလား မခွဲခြားတတ်တော့ဘူး....

"ကြက်‌ပေါင်းခေါက်ဆွဲနဲ့ နွားနို့ပူပူလေး သောက်မလား..."

"ငြင်းလဲ ကျွေးချင်တာပဲ ကျွေးတာမဟုတ်လား အဲ့ဒါပဲ မှာလိုက်ပါ...."

လူကို လာရွဲ့နေတဲ့ ထိုကလေးကြောင့်..
အရင်စိတ်နဲ့သာဆို စိတ်ဆိုးမိမှာ မှန်ပေမဲ့ အခုတော့ ရင်ဘတ်ကြီးက ဘာဖြစ်ချင်နေမှန်းမသိ အူယားပြီးရင်းသာ ယားနေတော့သည်....

အစာကျွေးပြီး ဆေးတိုက်ပြီးသည်နှင့် အပြင်ခဏ လမ်းလျှောက်ထွက်ချင်တယ်ဆိုတာ‌ကြောင့် ဆေးရုံပန်းခြံဘက် Taehyungပါ လိုက်‌ပေးရတော့သည်....

Only Then 💔(Edited Version)Where stories live. Discover now