real life

11.2K 791 7
                                    

<Unicode>
ကြယ်ရဲ့နာမည်အပြည့်စုံကကြယ်တံခွန်ပါ။ဒါပေမယ့်ဒီလောကထဲမှာတော့လူတိုင်းကကြယ်လို့ပဲခေါ်ကြတယ်။ကြယ်ကအပျော်ယောက်ျားတစ်ယောက်ပင်။ဒါပေမယ့်အလုပ်သဘောအရအမြဲတမ်းတင်းကြပ်နေတဲ့မိန်းမအဝတ်စားတေသာဝတ်နေရသည်။နဂိုဆံပင်အရှည်နဲ့ဖြူဝင်းတဲ့အသားရည်ကြောင့်ရုတ်တရက်ကြည့်ရင်ယောက်ျားလေးလို့ထင်ရက်စရာပင်မရှိ။အဂ္ဂနဲ့ဆုံခဲ့ပုံကတော့..

flash back

ကြယ်ဒီနေ့ဖောက်သည်မရတာကြောင့်အိမ်ကိုစောစောပြန်လာခဲ့ရသည်။ခါတိုင်းဆိုမိုးလင်းခါနီးအထိအလုပ်လုပ်ရပေမယ့်ဒီနေ့တော့11နာရီပဲရှိသေးသည်။ကြယ်လမ်းကွေ့တစ်ခုသို့အရောက်အသံတချို့ကိုကြားလိုက်ရသည်။သိချင်စိတ်ဖြင့်ဆက်သွားကြည့်မိတော့လူသုံးယောက်ကရန်ဖြစ်နေကြသည်။တနည်းအားဖြင့်နှစ်ယောက်တစ်ယောက်ထိုးကြိတ်နေခြင်းပင်။ကြယ်လဲကိုယ့်ကိစ္စမဟုတ်တာကြောင့်ဝင်မပါချင်ပေမယ့်ခံနေရတဲ့တစ်ယောက်မှာမူးနေသည့်ပုံပေါ်၍ဒီတိုင်းဆက်ကြည့်နေရင်သေသွားနိုင်တာကြောင့်ဝင်ကူရန်ဆုံးဖြတ်လိုက်သည်။ထို့​နောက်အနီးနားကတုတ်တချောင်းကိုကောက်လိုက်တာလူနှစ်ယောက်ထဲကတစ်ယောက်ကိုရိုက်ချလိုက်သည်။

"အ့"

"ဟိုအကို ရရဲ့လား"

"ဟိတ်မိန်းမလေး မင်းကသူရဲကောင်းဝင်လုပ်ချင်တာလား အဟားဟား"

"ခဗျားတို့ ကိုယ့်လမ်းကိုယ်သွားတာကောင်းမယ်"

"ဟက် ကိုယ့်ရှေ့ကအလှလေးကိုထားခဲ့ပီးဒီတိုင်းတော့မထားခဲ့နိုင်ပါဘူး"

ထိုလူကကြယ်ရဲ့လက်အားဆောင့်ဆွဲလိုက်တာကြောင့်ကြယ်လန့်သွားကာထိုလူပါးအားရိုက်ချလိုက်သည်။

"တောက်စ်! အပျက်မကများ ဖြန်း"

"အ့"

အားနဲ့ရိုက်ချလိုက်တာကြောင့်ကြယ်ရဲ့မျက်နှာဟာလည်ထွက်သွားပီးလဲကျသွားသည်။ထိုလူနှစ်ယောက်ကကြယ်အားကန်ရန်အလုပ်အနောက်မှအားပြင်းတဲ့ရိုက်ချက်နှစ်ခုကြောင့်မြေပြင်ပေါ်သို့လဲကျသွားပီးငြိမ်သွားတော့သည်။

System Pue(completed)Kde žijí příběhy. Začni objevovat