ဖယ်ရို

10.3K 856 0
                                    

<Unicode>
"ယောက်ျားးရေ~~~ အူးဝါးး"

"လာပီ ကို့ယ့်အချစ်ရေ"

အခန်းထဲ၀င်လိုက်တာနဲ့မျက်နှာကိုလာမှန်တဲ့ခေါင်းအုံး။

"ခဗျားကြီး ဘယ်ဟာမနဲ့သွားတွေ့နေတာလဲ ပြော အခုပြော!"

"ဘယ်ဟာမနဲ့မှသွားမတွေ့ပါဘူးကွာ ပေါက်စီလေးအတွက်မနက်စာသွားလုပ်နေတာပါ"

"ကျနော်ကနိုးလာတော့ခဗျားကိုမတွေ့တာနဲ့လန့်သွားတာ"

လေသံကချက်ချင်းပျော့သွားကာသူ့ရင်ခွင်ထဲတိုး၀င်လာတဲ့ဗိုက်ပူလေးကိုထွေးပွေ့ထားလိုက်သည်။ကိုယ်၀န်ရှိကထဲကသူလေးကစိတ်ဆတ်လွန်းပီး၀မ်းနည်းလွယ်လာတယ်။ချက်ချင်းပျော့သွားလိုက်ချက်ချင်းမာသွားလိုက်ပီစိတ်ကနာမငြိမ်ပေ။ဒါဟာကိုယ်၀န်ဆိပ်တက်နေမှန်းသိတာကြောင့်အတတ်နိုင်ဆုံးသူ့စိတ်မညှိုးအောင်အကြိုက်လိုက်ပေးရသည်။

"ဗိုက်ဆာပီ"

"ဟုတ်ပီ လာကိုယ်ချီမယ်"

ဗိုက်ပူလေးကိုချီကာထမင်းစားခန်းထဲခေါ်သွားပီးနူးညံ့တဲ့ဖော့ခံထားတဲ့ခုံတွင်သေချာချပေးလိုက်သည်။

"နွားနို့ သောက်မယ် နွားနို့မြန်မြန်လေး"

ကိုယ်၀န်ရှိကတည်းကနွားနို့ကဆွဲမြဲစွာတောင်းဆိုတတ်သည်။ကြည့်ရတာခြေချဉ်းတက်တာကနွားနို့ထင်တယ်။နွားနို့ခွက်ရှေ့တွင်ချပေးလိုက်ပီးပေါင်မုန့်ကိုထောပတ်ယိုလေးသုတ်ပေးနေလိုက်သည်။ဖယ်ရိုနွားနို့ခွက်ကိုကိုင်ကာသောက်ဖို့လုပ်တုန်းရုတ်တရက်ခေါင်းထဲတွင်မိုက်ခနဲဖြစ်သွားပီးခွက်ကိုပစ်ခွဲလိုက်သည်။

ခွမ်းး

"ပေါက်စီလေး ဘာဖြစ်လို့လဲ နွားနို့ကညှီလို့လား"

"ဟင့်အင်း အ့"

သူ့စိတ်ကိုတစ်ယောက်ယောက်ကထိန်းချုပ်နေသလိုမကျေမချမ်းခံစားရပီးလက်များကိုကုတ်ခြစ်နေမိသည်။ကြွေးခွံတေပါပေါ်လာပီးလက်သည်းနဲ့ကုပ်ခြစ်မှုကြောင့်ကြေးခွံများကွာကျကုန်ပီးသွေးများထွက်လာသည်။

"ပေါက်စီလေး စိတ်ထိန်းအုံး လာကြစမ်း!!"

"အားး ဟင့် ကလော့ခ်! ကယ်ပါအုံး!"

System Pue(completed)Where stories live. Discover now