real life

11.4K 840 15
                                    

<Unicode>
"ဘာရယ်!"

"ဒီကလေးကိုတာဝန်ယူပေးပါလို့"

"အော် မကြားလို့ပြန်မေးနေတာမဟုဘူး မင်းကိုလေငါဘာပြောလို့ပြောရမှန်းတောင်မသိတော့ဘူး"

"နွယ့်ကိုကူညီပါနော်"

"မင်းကငါ့ကိုဂျိုတပ်စေချင်တာပေါ့ ဘယ်လိုတောင်မျက်နှာပြောင်တိုက်ပီးပြောနိုင်တာလဲဟမ်"

"ရှိုင်းကြိုက်သလောက်ပြောပါ ပီးရင်နွယ့်ကိုတာဝန်ယူပေးပါနော်"

"ဟ!ဘာလို့အတင်းလာတာဝန်ယူခိုင်းနေတာလဲ မသိတဲ့သူတေကငါ့ကိုတမျိုးထင်နေအုံးမယ် နေပါအုံး အဲ့ဗိုက်ကဘယ်သူနဲ့ရတာလဲ"

"မသိဘူး"

"တော်ပါသေးရဲ့ ဟမ်!ဘာ! ဘယ်သူနဲ့ရမှန်းတောင်မင်းမသိဘူးလား"

"ဟင့်အင်း အဲ့တာကြောင့်နွယ့်ကိုကယ်ပါအုံး"

နွယ်ကကြမ်းပြင်ပေါ်ထိုင်ချပီးရှိုင်းခြေသလုံးကိုဖက်ထားကာအော်ငိုနေတာကြောင့်ဘေးကလူများဟာကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

"လွှတ် လွှတ်ဆို လုပ်ကြပါအုံး နေအုံးငါကူစဉ်းစားပေးပါ့မယ် လွှတ်ပါအုံး"

"ကူညီပါရှိုင်းရယ် ကလေးကိုလဲနွယ်မဖျက်ချရက်ဘူး ကူညီပါ"

*အော် သဇင်နွယ် တော်ပါသေးရဲ့မိခင်စိတ်တော့ရှိပေလို့သာပေါ့ ငါဘယ်လောက်ပဲမုန်းနေပါစေလေ သူကငါ့အပေါ်ကြီးကြီးမားမားထိခိုက်အောင်မလုပ်ခဲ့ဘူး ပီးတော့ သူ့ကြောင့်သာမဟုရင်ငါလဲကိုကိုနဲ့တွေ့ခဲ့ရမှာမဟုဘူး အသက်နှစ်ချောင်းကိုကယ်ကောင်းပါတယ်လေ*

"အရင်ခုံမှာပြန်ထိုင်ပါအုံးနွယ်ရယ်"

"ဟင့် အင့်"

"မငိုနဲ့တော့ ငါမေးတာမှန်မှန်ဖြေ အဲ့ကိုယ်ဝန်ကခန့်ရာဇာနဲ့ရတာလား"

"မဟုဘူး ကိုယ်ဝန်က3လရှိနေပီကိုခန့်နဲ့တွေ့တာတပတ်တောင်မရှိသေးဘူး ခုလဲပျက်သွားပါပီ"

"ကျစ် ဒါဆိုဘယ်သူဖြစ်မလဲ"

"နွယ်သိတာက လွန်ခဲ့တဲ့သုံးလကနွယ်barတခုမှာသွားသောက်တုန်းလူတစ်ယောက်နဲ့တွေ့ခဲ့တယ်အဲ့လူကနွယ့်ကိုအအေးတခွက်တိုက်တယ် အဲ့တာလဲသောက်ပီးရောနွယ်ဘာမှမသိတော့ဘူး အဲ့နောက်ပိုင်းနွယ်ရှိုင်းနဲ့တွဲတယ်ပီးတော့ကိုခန့် ဒါပဲ"

System Pue(completed)Where stories live. Discover now