real life

10.6K 799 17
                                    

<Unicode>
"ခဗျားကရောဘာလို့သူတို့နဲ့ရန်ဖြစ်နေတာလဲ"

"သူတို့ကအရင်လာစတာပါကွာ ကိုယ့်အဖေနဲ့အမေကကွာရှင်းကြတော့မှာလေ အဲ့တာကြောင့်မူးအောင်သောက်နေတာသူတို့ကအရင်ပြသနာလာရှာရင်းကနေအဲ့လိုဖြစ်သွားတာ"

"ကျနော်လဲစိတ်မကောင်းပါဘူး"

"ရပါတယ် ဒါနဲ့မင်းကိုခုနကသားလို့ခေါ်လိုက်တယ်နော်"

"အမှန်တိုင်းပြောရရင်ကျနော်ကမိန်းမလိုဝတ်ထားတဲ့ယောက်ျားတစ်ယောက်ပါအမေ့ဆေးဖိုးအတွက်မဖြစ်မနေဒီအလုပ်ကိုလုပ်နေရတာ"

"မင်းအမေဆေးဖိုးကိုကိုယ်ကူညီမယ် မင်းဒီအလုပ်ဆက်လုပ်မနေနဲ့တော့"

"ကျနော်သူများပိုက်ဆံကိုအလကားမလိုချင်ဘူး"

"ကိုယ်အလကားပေးနေတာမဟုတ်ဘူး မင်းကကိုယ့်ကိုကူညီထားတာလေ အဲ့တော့အပြန်လှန်ကူညီတာပေါ့"

"ခဗျားကသဘောကောင်းတဲ့သူပါ ဒါပေမယ့်ဒီလောကကဝင်ကလွယ်သလောက်ထွက်ဖို့အရမ်းခက်တယ်"

"ကြိုးစားပီးထွက်ပေါ့ကွာ မင်းထွက်လို့ရပီဆိုရင်ကိုယ့်ဆီလာခဲ့ မင်းကိုကောင်းတဲ့အလုပ်တစ်ခုပေးမယ် ဒီမှာကိုယ့်ရဲ့ကဒ် မင်းလိုရက်ဆက်သွယ်လိုက်"

"ကျေးဇူးပါ"

အဂ္ဂနဲ့ကြယ်ဟာအညီကိုအရင်းချာတေလိုခင်မင်သွားကြသည်။ကြယ်ကအဂ္ဂကိုဘယ်တော့မှမဆက်သွယ်ခဲ့ပေ။သို့ပေမယ့်တနေ့သူ့အမေရောဂါထဖောက်တာကြောင့်ဆေးရုံတင်လိုက်ရပီးငွေကြေးအခြေနေကြောင့်အဂ္ဂဆီလိုက်သွားရသည်။အကြောင်းစုံပြောပြတော့ဆေးရုံစရိတ်အားလုံးကိုသူကထောက်ပံ့ပေးမယ်ဆိုတာကြောင့်ကြယ်ဟာဝမ်းသာသွားပီးငိုချမိတော့အဂ္ဂကညီလေးတစ်ယောက်လိုသဘောထားကာဖက်ပီးနှစ်သိမ့်ပေးလိုက်သည်။ထိုအရာကိုရှိုင်းကနားလည်မှုလွဲသွားခြင်းပင်။

>>>

"မောင်ကြယ်တံခွန်ရှိလား"

ခေါ်သံကြောင့်အတွေးတေထဲမှလက်ရှိသို့ပြန်ရောက်လာသည်။

"ဟုတ်ရှိပါတယ်"

"ဟို ညမလေး အဲ မောင်လေး"

"အဆင်ပြေသလိုခေါ်ပါဗျ"

System Pue(completed)Où les histoires vivent. Découvrez maintenant