ဖယ်ရို

11K 873 2
                                    

<Unicode>
နောက်တနေ့နိုးလာတော့ကုတင်ခြေရင်းတွင်အစေခံ၀တ်စုံနဲ့လူသုံးယောက်။

"သခင်လေး နိုးပီလား ကျမတို့သန့်စင်ပေးပါရစေ"

"အင်း"

(ပူး သူတို့ကလူတေလား)

(မဟုဘူး သူတို့မြွေဖြူမျိုးနွယ်၀င်တေ)

(လူနဲ့မြွေမျိုးနွယ်နဲ့ဘယ်လိုခွဲခြားတာလဲ)

(အနံ့နဲ့ လူတေရဲ့ကိုယ်ကသွေးညှီနံ့ရှိတယ် ဘယ်လောက်ပဲရေနွေးစွတ်ထားပါစေ သွေးညှီနံ့ကိုမြွေတေကခံနိုင်တယ်)

(အော် ဒါနဲ့ငါသေသွာတော့သူကဘာဖြစ်သွားလဲ)

(ဘယ်သူလဲ ကလော့ခ်လား)

(အင်း)

(သူကနာမကျန်းပြန်ဖြစ်သွားတယ် တကယ်တော့ဖယ်ရိုမွေးခါနီးလောက်ထဲကပြန်ဖြစ်နေတာပါ ဒါပေမယ့်ကလေးရှိနေလို့မကုသခဲ့ဘူး မွေးပီးတော့လဲစိတ်ဖောက်ပြန်သွားတာမို့ကုသလို့မရပြန်ဘူး ဖယ်ရိုသေသွားတော့ဇာတ်လိုက်သိပ်မကြာဘူးရောဂါကြောင့်သေသွားတယ် သူမသေခင်မှာဇာတ်လိုက်မရောက်လာပိးအဖေရောသားကိုပါစည်းရုံးတယ်ဒါပေမယ့်မရခဲ့ဘူး ကလော့ခ်ကသူမသေခင်အားလုံးကိုအပီးစီးလုပ်သွားတယ် သူ့တို့သားကိုအရိုက်ရာဆက်ခံပေးခဲ့ပီးတတ်သင့်တာမှန်သမျှအကုန်သင်ပေးခဲ့ပီးမှ ရောဂါနဲ့အသေခံခဲ့တာ)

(အခုတော့ဘာမှမဖြစ်တော့ဘူးမလား ငါ့မှာကာကွယ်ရေးစွမ်းအင်တေရှိနေပီလေ)

(ဟုတ်ဘာမှမဖြစ်တော့ပါဘူး ဒါပေမယ့်ပေါ့ဆလို့တော့မဖြစ်ဘူးပေါ့ ကိုယ်၀န်ရှိနေတဲ့ကာလအတွင်းမှာဇာတ်လိုက်ရဲ့ရောဂါကအရမ်းဆိုးလာရင် ကုသခြင်းကိုလုပ်မှရမှာမဟုတ်ရင်အသက်ဆုံးသွားနိုင်တယ်)

(အခုငါရှိနေပီလေ ငါ့လူကိုငါကယ်ရမှာပေါ့)

(မနေ့ကတော့မထိနဲ့လေးဘာလေးနဲ့အော်နေတာဘယ်သူလဲ)

(အဲ့ဒါငါ့လူမှန်းမသိလို့လေ)

"သခင်လေး မနက်စာစားပီရင်ဒီဆေးလေးသောက်လိုက်ပါ"

"ဘာဆေးလဲ"

"ကင်းခြေများ အဆိပ်ပါ"

"ဘာ! ရူးနေလား ငါကဘာလို့သောက်ရမှာလဲ"

System Pue(completed)Where stories live. Discover now