နန်ဟိုင်း

13.9K 1K 8
                                    

<Unicode>
နန်ဟိုင်းဘာမှလုပ်စရာမရှိတာနဲ့ပျင်းလာတာမို့ဉယာဉ်ထဲကခုံလေးတွင်ထိုင်ကာလေညှင်းခံနေသည်။

"နန်ဟိုင်း"

"ဟုတ်အထိန်းတော်ကြီး"

"အိမ်ရှေ့စံရောက်နေတယ် နန်ဟိုင်းနဲ့တွေ့ချင်လို့တဲ့"

"ဟင် အင်းပါ ကျနော်သွားတွေ့လိုက်ပါမယ်"

"သတိထားနော်ကလေး အိမ်ရှေ့စံကလှတာမြင်ရင်အကုန်သိမ်းပိုက်ချင်တဲ့သူ"

"ဟုတ် ကျနော်သတိထားပါ့မယ်"

နန်ဟိုင်းအဆောင်ထဲပြန်၀င်လာတော့လက်ဖက်ရည်ဝိုင်းတွင်ထိုင်နေတဲ့လီရန်ကသူ့ကိုလဲမြင်ရောဂဏာမငြိမ်ဖြစ်နေသည်။

"အိမ်ရှေ့စံက ကျနော့်ကိုတွေ့ချင်တယ်ဆိုတော့ ဘာကိစ္စများရှိလို့ပါလဲ"

"အော် ဘာရယ်တော့မဟုပါဘူး မနေ့ကနန်ဟိုင်းဖျော်ဖြေသွားတာအရမ်းကောင်းတာကြောင့်ဆုလာဘ်လေးပေးချင်လို့ပါ"

ထိုသို့ပြောကာအနီရောင်ဖဲသားဗူးလေးကို၀တ်ရုံထဲမှထုတ်လိုက်သည်။ထိုနောက်နန်ဟိုင်းရှေ့ကိုချပေးလိုက်သည်။

"ဖွင့်ကြည့်လိုက် နန်ဟိုင်း"

နန်ဟိုင်းဖွင့်ကြည့်လိုက်တော့ပတ္တမြားရောင်တောက်နေတဲ့လက်စွပ်တကွင်း။နန်ဟိုင်းရိပ်မိလိုက်သည် ဒါကပစ္စည်းကိုဗန်းပြပီးသူ့ဘက်ပါအောင်ဆွဲဆောင်နေမှန်း။နန်ဟိုင်းတချက်သာပြုံးလိုက်ပီးထိုဗူးလေးကိုလီရန်ရဲ့အရှေ့သိုပြန်ထိုးပေးလိုက်သည်။

"ကျနော့်အတွက်မလိုပါဘူး အိမ်ရှေ့စံ ပြန်ယူသွားလိုက်ပါ"

ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကိုငြင်းလိုက်တဲ့အတွက်လီရန်ဟာအံ့ဩမိသွားတာအမှန်ပင်။

"ဘာလို့လဲ ဒီပစ္စည်းကိုမကြိုက်လို့လား နန်ဟိုင်း"

"ကျနော့်အတွက်ဘာပစ္စည်းမှာမလိုပါဘူး"

"ကိုယ်ကမင်းလေးတော်လို့ဆုချတာလေ"

"ကျနော်ကတာကိုသဘောကျတယ်ဆိုရင်ပဲကျေနပ်ပါပီ"

"ဟုတ်ပါပီ ဒါဆိုနန်ဟိုင်းအားလား အားရင်ကိုယ်နဲ့ဉယာဉ်ထဲလမ်းအတူလိုက်လျှောက်ပေးပါလား"

System Pue(completed)Where stories live. Discover now