ယူနာ🔞

10.7K 789 27
                                    

<Unicode>
(hostဘယ်သွားနေတာလဲအခု)

(လုံခြုံမဲ့တစ်နေရာ)

(ဘာလို့လဲ)

(ဇာတ်လိုက်ကိုတားလို့မရဘူးဆိုတော့ ရေသူမျိုးနွယ်တေကိုကာကွယ်ဖို့ပဲလုပ်ရတော့မယ်လေ)

(hostကဘယ်လိုလုပ်မှာလဲ)

(လုံခြုံမယ့်နောက်တစ်နေရာရှာပီးရေသူမျိုးနွယ်တေကိုခနလောက်ပြောင်းရွေ့ခိုင်းထားမယ် ဇာတ်လိုက်ရေအောက်ဗုံးချရင်ရေမျက်နှာပြင်အနေထားအရပေ50အကွာဝေးလောက်ထိအားကသက်ရောက်လိမ့်မယ် အဲ့တော့ပေ50အကွာဝေးအကျော်မှာခနပြောင်းနေမှဖြစ်မယ်)

ယူနာကူးခတ်နေရင်းပေ60လောက်အကွာဝေးအရောက်တွင်ကျောက်ဂူကြီးတစ်ခုထပ်တွေ့သည်။

(hostဝင်မသွားနဲ့လေ အထဲမှာဘာတေရှိလဲမသိဘူး)

(system မှာသင်ခဲ့ရသလောက်တော့ဒီလိုဂူတေထဲမှာအန္တရာယ်ရှိမဲ့အကောင်တေမနေလောက်ဘူး)

ယူနာဂူထဲသို့ဖြေးဖြေးချင်းကူးခတ်သွားလိုက်သည်။အထဲတွင်အလင်းရောင်အနည်းငယ်သာရှိနေပီးသဲသဲကွဲကွဲမမြင်ရပေ။ရုတ်တရက်အရိပ်အသေးလေးနှစ်ခုကမျက်စိရှေ့ပေါ်လာသည်။

*ဘာကြီးလဲငါးလား*

အရိပ်လေးဟာနှစ်ခုမှသုံးခုအဖြစ်တဖြည်းဖြည်းပွားလာသည်။ယူနာကထိုအရာကိုစူစမ်းကြည့်နေတုန်းနောက်မှတစ်စုံတစ်ခုကသူ့အားလှမ်းဆွဲခြင်းကိုခံလိုက်ရသည်။ယူနာအော်ရန်ပြင်လိုက်ချိန်သူ့ပါးစပ်အားအုပ်ခြင်းခံလိုက်ရပီအပြင်သို့ဆွဲခေါ်သွားလေသည်။

"အွန်းး လွှတ်"

"ရှူးး ပေါက်စီလေးကိုယ်ပါ"

"ကလိုဘင် ဘယ်ကနေဘယ်လို"

"ကိုယ်နိုးလာတော့မင်းကမရှိတော့ဘူးလေ ပေါက်စီလေးကိုအဲ့မှာဘာလုပ်နေတာလဲ"

"ဒီလိုပါပဲကိစ္စလေးရှိလို့ ဒါနဲ့ဘာလို့ပါးစပ်ကိုအတင်းအုပ်ပီးခေါ်လာတာလဲ"

"ပေါက်စီလေးဒုက္ခရောက်မှာဆိုးလို့လေ"

"ဘာလို့ဒုက္ခရောက်ရမှာလဲ"

"အဲ့ဂူထဲကငါးတေကရိုင်းတယ်ပီးတော့အသားစားတယ်တချို့ငါးမန်းတေတောင်သူတို့အုပ်စုလိုက်ဝိုင်းကိုက်ခံရပီးသေကုန်တာ"

System Pue(completed)Where stories live. Discover now