Taehyung ဆက်မအိပ်ချင်တော့တာနဲ့ အောက်ထပ်က စာကြည့်ခန်းထဲ ဆင်းလာလိုက်သည်....

စာကြည့်ခန်းရဲ့ နံရံထောင့်လေးမှာ မဂ်လာဆောင်တဲ့နေ့က သူနဲ့ Jungkook ရိုက်ထားတဲ့ ပုံလေးက ကြမ်းပြင်ပေါ် ထောင်မတ်လျက် ဟောင်းနွမ်းစွာ တည်ဂှိနေသည်...

Jungkook က ခွဲစိတ်ပြီး တစ်လအကြာမှာ နှိုးထလာခဲ့သည်...Jungkook ကို Jimin ကား accidentကြောင့် သေ သွားခဲ့သည်ဟုဆိုကာ သူရော Jungkook ရဲ့မိဘတွေကရော လိမ်ခဲ့သည် Jungkook မိဘတွေရဲ့ ယုံကြည်မှု့ကို အရယူပြီး Jungkook ကိုလဲ ချစ်ချင်ယောင်ဆောင်ကာ Taehyung အမြန် ခိုးပြေးခဲ့သည်...ဒါဟာလဲ သူနောက်ထပ် အချိန်တွေ မဆွဲချင်တာကြောင့်ပင်...
ဒီဓာတ်ပုံလေးကတော့ တိတ်တိတ်လေး လုပ်တဲ့ လက်ထပ်ပွဲမှာ Jungkook အတင်းတောင်းဆိုတာကြောင့် ရိုက်ထားခဲ့တဲ့ တစ်ခုထဲ သော ပုံပင် ဖြစ်သည်...

လက်ထပ်ပြီးတဲ့ ညမှာပဲ Jungkook ၊ Jungkook မိဘတွေ နော်ဝေးကို ပြန်သွားသလို သူလည်း Jungkook ကို သူ့အိမ်သို့ ခေါ် လာပြီးနေစေခဲ့သည်... ထိုညမှာပဲ Taehyung မူးရူးကာ အဖြစ်မှန်တွေကို ပြောပြပြီး ပေါက်ကွဲနေတဲ့သူက Jungkookကိုလဲ သေမတတ် ထိုးလိုက်သေးသည်...

သူပြန် နှိုးလာချိန်မှာတော့ Jungkook က သူ့ကို တောင်းပန်ပြီး ငိုယို ပြောသော်လည်း သူခွင့်မလွှတ်နိုင်ခဲ့ ထိုနေ့ကတည်းက စနှိပ်စက်ခဲ့သည်မှာ ဒီနေ့ထိပင် ဖြစ်ပေသည်....

ယနေ့ထိလဲ သည်းငယ်အကြောင်းတွေးမိတိုင်း သူJungkookကို စိတ်နာမိသည်...သိူ့ပေမဲ့ သူမနှိပ်စက်ချင်တော့ ထို့ကြောင့် သူနောက်ထပ် ဆုံးဖြတ်ချက် ချလိုက်မိသည်က ဒီနေ့ကစပြီး သူ Jungkookကို ရှောင်တော့မည် ဒါဟာလဲ Jungkookအတွက်ပင်....သည်းငယ်အကြောင်း တွေးမိတိုင်း သူ Jungkookကို တစ်ခုခု နာကျင်အောင် လုပ်ချင်တာကြောင့် ဒီကောင်လေး သူ့မျက်စိရှေ့ ပေါ် မလာရင် Taehyung သူကိုယ်တိုင်လဲ မပူလောင်ရသလိုJungkook လဲ နာကျင်ရမည်မဟုတ်ပေ...

Taehyung ဆုံးဖြတ်ချက်တစ်ခုကို သက်ပြင်‌း‌ေမာနဲ့အတူတူ ချလိုက်ပြီးနောက် အိပ်ရေးမဝလို့ ကျိန်းစက်နေတဲ့ မျက်လုံးတွေဟာ စာကြည့်စားပွဲခုံ ပေါ် မှာတော့ တစ်ဖန်မှေးစက်သွားလေသည်...သူ့ကို စောင်လာခြုံပေးတဲ့ တစ်စုံတစ်ယောက်ရှိခဲ့သည်ကိူတောင် Taehyungမသိလိုက်တော့.....

Only Then 💔(Edited Version)Where stories live. Discover now