မိဘတွေအားလုံးဟာ သားသမီးအရင်းအချာနဲ့ ပတ်သက်လာလျှင် တစ်ကိုယ်ကောင်းဆန်မိကြသည်...ဒါဟာအမှားဖြစ်ခဲ့မယ်ဆိုရင်တောင် ဝမ်းနည်းမိပေမဲ့ သူမ  နောင်တ ရလိမ့်မယ်တော့
မဟုတ်ပါ
....'နောင်ဘဝဘဝတွေများမှာ မင်းကိုချစ်တဲ့ မိဘတွေနဲ့ ဆုံပြီး ပျော်ရွှင်စွာ နေနိုင်ပါစေ သားကြီးရယ်..

နာရီဝက်အကြာ.....
Jungkookမိဘတွေဟာ အရေး ပေါ်  အလုပ်ကိစ်စ ပေါ် လာတာကြောင့် Taehyungကို လူနာစောင့် ထားခဲ့သည်...
Jungkookရဲ့ အနား အနီးဆုံးထိ တိုးကပ်လိုက်ပြီး...ဖြူဖတ်ဖတ်မျက်နှာကို Taehyung စိုက်ကြည့်လိုက်ကာ...

"သည်းငယ်သေတဲ့ ကိစ်စမှာ မင်းမိဘ ပယောဂ မကင်းရင်  မင်းမလွယ်ဘူးပဲ Jeon Jungkook... "
----------------------------------

Taehyung ဒီနေ့ အဖြစ်မှန်တစ်ခုကို သိခဲ့လိုက်ရသည်  ဒါဟာ သူထင်ထားသလို သည်းငယ်က  Jungkook ကို နှလုံး လှူလိုက်ခြင်းပင်...

အတွင်းရေးဖြစ်ပေမဲ့ ငွေထိုးခြင်းရဲ့ ရလဒ်ဟာ အရေးကြီးတဲ့ အဖြစ်မှန်တစ်ခုကို သိလိုက်ရခြင်း၊နောက်ထပ် အံ့သြဖို့ကောင်းတာက Jiminဟာ သားအရင်း မဟုတ်တဲ့အကြောင်းနဲ့ ဖိအားပေးခံရခြင်းကိုပင်.... ဆေးရုံရဲ့ CCTV မှတ်တမ်းကို သူရခဲ့ပြီးသည့်အခါ သည်းငယ် ရဲ့ ဝမ်းနည်းကာရှိုက်ငိုနေပြီးသိမ်ငယ်လွန်းလှတဲ့ မျက်ဝန်းလေးတွေကို တွေ့လိုက်ရပြီးနောက် သူဆောက်တည်မရ ဖြစ်ခဲ့ရသည်...Jungkook မိဘတွေဟာ သူ့သည်းငယ် အပေါ်ရက်စက်ခဲ့ ကြသည်...ခံစားချက် ကို ထည့်မတွက်ပဲ ကျေးဇူးတရားကို လက်ကိုင်ပြီး သနားတတ်လွန်းတဲ့ သည်းငယ်ကို မျက်ရည်ချူပြီး အသက်ကို တောင်းခဲ့ကြသည်....ဒါဟာ ဘယ်လိုတောင် တစ်ကိုယ်ကောင်းဆန်ခြင်းမျိူးလဲ...
ကံစီမံရာအတိုင်းပဲလေ သူတို့သား အသက်ရှင်လိုတိုင်း သူများအသက်ကို နှုတ်ယူသင့်သလား....

'စောင့်နေပါ သည်းငယ် ကိုယ့်သည်းငယ် မျက်ရည်ကျခဲ့ရသလို အဲ့လူယုတ်မာတွေ သိပ်ချစ်ရတဲ့ သူတို့သားလဲ မျက်ရည်ကျစေရမယ်...တစ်နုံနုံနဲ့ တဖြည်းဖြည်း နာကျင်ခံစားရအောင် ကိုယ်ကလဲ့စားချေပေးမှာမို့ ဟိုးကောင်းကင်ဘုံကနေ ပျော်ပျော်ကြီး ကြည့်နေပေးပါနော်....'
--------------------------------------------------------
မျက်ရည် တစ်စက်က ပါးပေါ်
မှ တဆင့် ခေါင်းအုံး ပေါ် စီးကျလာပြီးနောက် အတိတ်တွေဆီ ပဲ့တင်ထပ်ပြီး အိပ်မက်ယောင်နေခဲ့တဲ့သူဟာ အတွေးအိပ်မက်ကြားထဲက နှိုးထလာခဲ့သည်....

Only Then 💔(Edited Version)Where stories live. Discover now