Taehyung နှိုးလာတော့ မျက်နှာကြပ် အဖြူကို မြင်လိုက်ရသည်....
ဘေးမှာက ဦးလေးJeon Ho Min ရှိနေသည်....
"နှိုးလာပြီလား သား ....သားမေ့နေတာ ၃ရက်တောင် ဆေးထိုးခံရတာရော ပင်ပန်းတာရောကြောင့် အကြာကြီး အိပ်ပျော်သွားတာတဲ့ ဦးလေးတို့ သားကြီးကိုတော့ မနေ့ကပဲ သဂြိုလ်လိုက်တာ....
"Jungkook ကရော ဦးလေး အဆင်ပြေလား..."
"အမ် အင်းအင်း အဆင်ပြေပါတယ်...."
သားကြီး အကြောင်းသူပြောနေရာမှ ရုတ်တရက် သားငယ်အကြောင်း လှမ်းမေးတာကြောင့် သူကိုယ်တိုင်ပင် ကြောင်အအ ဖြစ်သွားသည်...
"သူ မသေဘူးလား ကားမှန်စက နှလုံးကို စိုက်သွားတာဆို...."
မေးခွန်းက တစ်မျိုးဖြစ်တယ်ဆိုပေမဲ့ ဒီကောင်လေး မေးခွန်းကို Jeon Ho Min သူပြန်ဖြေလိုက်သည်....
"မသေပါဘူး ဒီက ဆရာဝန်တွေက တော်တယ်လေ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်..."
"အော်...."
Taehyung လူအကဲခတ် မညံ့ပါ စကားပြောတာ တည်ငြိမ်သယောင်ရှိပေမဲ့ အငြိမ်မနေတဲ့ မျက်ဝန်းတွေက တော့ Taehyungရဲ့သံသယကို ဆ တိုးပွားစေသည်....
"ဒါဆို သားလဲ သတိရလာပြီဆိုတော့ ဦးလေး Jungkookieဆီ ခဏသွားလိုက်အုံးမယ်...."
"နေပါအုံး ကျွန်တော်လဲ လိုက်ခဲ့မယ်လေ...."
ICUအခန်းထဲ ဝင်ဝင်ချင်း ကုတင်ပေါ် မှာ အေးအေးချမ်းချမ်း မှေးစက်နေတဲ့ ကောင်လေးကို တွေ့လိုက်ရသည်...တစ်ကိုယ်လုံး လဲ ဆေးပိုက်တွေ နဲ့ ပြီးတော့ နှာခေါင်း မှာလဲ oxygen maskတပ်ထားရသေးတယ်...
"မိန်းမ၊ သား နှိုးမလာသေးဘူးလား...."
သူမ ခေါင်းသာ ခါရမ်းလိုက်သည် ....နှစ်ရက်အတွင်း နှလုံးအသစ်မရရင် သေမယ်ဆိုတဲ့ သားလေးကို သူတို့ အချိန်တွေ ၅ရက်လောက်ထိ ဆွဲထားမိသည် ဒါဟာလဲ သားကြီး အပေါ် သူတို့ သနားမိပြီး တွေဝေနေမိသောကြောင့်ပင် နောက်ဆုံးမှာ သားကြီးဟာ အရင် နှိုးထလာခဲ့ပြီးနောက် သူတို့ သားကြီးကို အကြောင်း စုံ ပြောပြလိုက်မိသည် ...ဒါဟာ သားကြီး အပေါ် သူတို့ မတရားတာသိပေမဲ့.... ပို တစ်ကိုယ်ကောင်းဆန်မိခဲ့သည်က သားငယ်ကို သူကယ်မှ ရပါမယ်ဆိုပြီး ငိုယို ပြောမိခြင်းပင်.....သားကြီး ရဲ့ခံစားချက်ဟာ ဘယ်လောက်ဝမ်းနည်းထိခိုက်သွားမည်ဆိုတာကိုတော့ မိဘတွေအနေနဲ့ သူမတို့အလေးအနက်မထားခဲ့မိပေ.... သားကြီး ဟာ နာရီဝက်လောက် ငိုပြီးတဲ့နောက်မှာ သူတို့ကို ကျေးဇူးဆပ်ချင်သည်ဆိုပြီး နှလုံးအစားထိုးမှုဖို့ ပြောလာခဲ့သည်... ဒါကို သူတို့ကိုယ်တိုင် မယုံနိုင် သားကြီး ငြင်းလိမ့်မယ်ဟုသာ ထင်ထားခဲ့ပေမယ့် သားကြီးဟာ နောက်ဆုံးအချိန်ထိ သူတို့ အပေါ် ပေးဆပ်သွားခဲ့သည်....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT (7)
Start from the beginning
