စကားတွေ ဆက်ကာဆက်ကာ ပြောချင်ပေမဲ့ ဆို့တက်လာတဲ့ ဝမ်းနည်းမှု လှိုင်းတပိုးကာ လည်ချောင်းတစ်လျှောက် တိုက်စားသွားပြီး စကားသံတွေ ထပ် မထွက်နိုင်ခဲ့တော့.....
နောက်ဆုံး Taehyung ..... အေးစက်နေတဲ့ ချစ်ရသူရဲ့ ရုပ်အလောင်းကိုသာ သူ ပွေ့ဖက်ပြီး အသံတိတ် ငိုနေမိ သည်....
အသံတိတ်ရှိုက်သံတွေကြား သူဘယ်လောက်ငိုမိသည်မသိ ဘေးနားက ဆရာဝန်ကသူ့ပုခုံးကို လာဆုတ်ကိုင်ပြီး စကားပြောမှသာ သူအသိစိတ်ဝင်တော့သည်....
"အလောင်းကို ရေခဲတိုက်ထဲ ထားရတော့မှာမို့ ခွင့်ပြုပါအုံး လူလေး...."
"မလွှတ်ဘူး သည်းငယ် မသေဘူး သွားမလာကြနဲ့...."
လက်တစ်စုံကို တွန်းဖယ်ပြီး ဒေါသတကြီး အော်ဟစ် ပြောလိုက်သည်...
"စိတ်လျော့ပါအုံးဗျာ လူနာက အသက်မရှိတော့တာ ကြာပါပြီ...."
"မဟုတ်ဘူး သည်းငယ်က သူဖြစ်ချင်တဲ့ ဆရာဝန်ကြီးလုပ်အုံးမှာ..... ငါ နဲ့လဲ ခရီးတွေ အတူတူ ထွက်အုံးမှာ....ဘာလို့ သူက သေရမှာလဲ ဟားဟား....လူလိမ်တွေ သည်းငယ်က အကောင်းကြီးကို ဘာလို့သေရမှာလဲ ခဏအိပ်နေတာ သည်းငယ် မသေဘူး "
"ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့ ..."
ဆရာဝန်၏ စကားအဆုံးနဲ့အတူ ဘေးနားက ဆေးအကူ နှစ်ယောက်က သည်းငယ်ကို သူ့ဆီက မ'ယူပွေ့ပြီး တွန်းလှည်းတစ်ခု ပေါ် တင်လိုက်တာကြောင့် Taehyungအမြန်ပြန်ဆွဲလိုက်တော့ ပိတ်စဖြူလေးက ကျွတ်သွားပြီး ရင်ဘတ် အပေါ် ပိုင်းဟာလဲ ဟိုက်နေတဲ့ ဆေးရုံဝတ်စုံကြောင့် သူတစ်စုံတစ်ခုကို တွေ့လိုက်ရသည်....
ရင်ဘတ်မှာ လောလောလတ်လတ် ချုပ်ရိုးရာ အကြီးကြီးတစ်ခု!!
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ သည်းငယ် ကားတိုက်မှု့မှာတောင် ခေါင်းကလွဲပြီး ကြီးကြီးမားမား မထိခဲ့ဘူးလေ... ဒါ ...ဒါဆို မဟုတ်မှလွဲရော သည်းငယ်က accident ဒဏ်ရာကြောင့် သေတာမဟုတ်ဘဲ.....မ မဖြစ်နိုင်တာ....ငါ ငါ တွေးနေသလို မဖြစ်နိုင်လောက်ပါဘူး.....
Taehyungထပ်မတွေးရဲတော့ စိတ်တွေဟာ ရောယှက်ခက်လို့ နေလေပြီ....လက်ကျန်အားနဲ့ သည်းငယ်ကို ဟိုလူတွေကြား ပြန် ရုန်းကန်ဆွဲနေရင်း နောက်ဆုံးသိခဲ့ရတာက တစ်စုံတစ်ယောက်က သူ့ကို ခပ်စူးစူး တစ်ခုခုနဲ့ထိုးလိုက်ပြီးနောက် Taehyungမေ့လဲ ကျသွားခြင်းပင်......
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT (7)
Start from the beginning
