Taehyung ,Europe ရောက်တော့ လေယာဉ်က ဆင်းဆင်းချင်း ဆေးရုံကို တန်းသွားလိုက်သည်...
ထို့နောက်တွက်ေတာ့ သည်းငယ်တို့ အဖေပြတဲ့ အခန်းတံခါးကို အသာ တွန်းဖွင့်လျက်.... သူ တုန်တုန်ရီရီနဲ့ အထဲ ဝင်သွားလိုက်တော့ ကုတင်ပေါ် မှာ လဲလျောင်းနေတာက သူချစ်ရတဲ့ ချစ်ရသူ......နှုတ်ခမ်းတွေက အဖြူဘက်ကို သမ်းနေပြီး တစ်ကိုယ်လုံး ဖြူစုတ်နေလေသည်....ပိတ်ဖြူစကိုတော့ အုပ်မထားသေး...ရင်ဘတ်အေပါ်ဘက်ထိခြုံရုံသာ ခြုံထားသည်...
Taehyung ခြေထောက်တွေ ယိုင်ကျသွားခဲ့သည်....
နောက်ဆုံး နောက်ဆုံးအချိန် မဖြစ်နိုင်ပါဘူး အားတင်းခဲ့ပေမဲ့....
မဖြစ်ပါစေနဲ့ ဆုတောင်းနေလျက်နဲ့....
ံကံကြမ်မာရဲ့ ဒီတစ်ခါ လှည့်ကွက်က Taehyungနှလုံးသားအထဲ ထဲကိုပါ သွေးစိမ်းစိမ်း ထွက်စေသည်....
ဒါ ...ဒါ သူချစ်ရတဲ့ ကောင်လေးတဲ့လား...
ဘယ်တော့မှ နှိုးထနိုင်မှာ မဟုတ်တဲ့ အိပ်စက်ခြင်းတွေနဲ့ စိတ်ချလက်ချ အိပ်ပျော်နေတဲ့သူက...
ပလီပလာပြောတတ်တဲ့ ချစ်စရာ နှုတ်ခမ်းထူထူရဲရဲလေးတွေက ဖြူစုတ်နေပြီး အကြင်နာရိပ်တွေ သမ်းနေခဲ့တဲ့ မျက်ဝန်းတွေက မှေးမှိန်နေလိုက်ပုံများ ဒီလူကို ရူးသွပ်သွားစေနိုင်ပါသည်.....
လှုပ်ရှားမှု့တွေ ပြင်းထန်လာခဲ့တဲ့ နှလုံးခုန်သံသည် သူ့ကိုယ်သူတောငိ ပြန်ကြားနိုင်သည်အထိ...
"သည်း~~~သည်းငယ်....."
...အားမရှိတော့တဲ့ လက်တစ်ဖက်နဲ့ အမြတ်တနိုး နမ်းရှိုက်ခဲ့ဖူးတဲ့ ဦးခေါင်းလေးကို ထိကိုင်လိုက်ပြီး သူခေါ်ကြည့်သည့်အခါ အရင်လို ကြည်ပြာရောင် မျက်လုံးလေးတွေနဲ့ မော့ကြည့်ပြီး မပြုံးပြခဲ့ပါ .....
နောက်ထိ မယုံကြည်နိုင်သေးမှုတွေနဲ့အတူ....
နှာခေါင်း နားလေးကို လက်တို့ကြည့်တော့ တုန့်ပြန့်မလာတဲ့ လေထုတွေကြောင့် သည်းငယ် သူ့ကို ထားသွားပြီဆိုတာ သိလိုက်ရသည် ဒါပေမဲ့ ဒီအဖြစ်အပျက်တွေကြား သူအခုထိ မယုံကြည်နိုင်သေး....ရှေ့အပတ်ကထိ အခြေအနေကောင်းနေခဲ့တဲ့ သည်းငယ်က ဘာလို့ ရုတ်တရုတ်ကြီး.!.
ငြိမ်သက်နေတဲ့ အသက်ရှူသံတွေကြားမှာသူ့မျက်ရည်တွေဟာ ကျဆင်းစ ပြုလာလေပြီ...ရင်ထဲမှာ ဆို့နင်ပြီး တစ်ခုခုကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က သူ့အရှိုက်တစိခုလုံးကို တိုက်စားနေလေပြီ.....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
OT (7)
Start from the beginning
