If Possible ( Part - 3 )

Start from the beginning
                                        

" ဟုတ် အစ်ကို "

မှုံသဏ္ဌာန်ဆိုတဲ့ ကောင်မလေး ပျော်ပျော်ရွှင်ရွှင်နဲ့ မျက်နှာနုနုလေးပေါ်မှာလဲ အပြုံးပန်း
လေးတွေပွင့်နေသည့်အလား ပါးချိုင့်လေးက
လဲခွက်ဝင်နေရောပဲ ၊ ဒီကောင်မလေးက
ရေခဲမုန့်အလွန်ကြိုက်တဲ့ကောင်မလေးတစ်ယောက် ၊ ရေခဲမုန့်စားရရင်ကိုပျော်နေတော့တာ
အခုလည်းကြည့် ရေခဲမုန့်ကိုကိုင်ကြည့်ပြီး
ပြုံးနေရောပဲ ၊ စားနေတာကလည်း အရှေ့
မကြည့် အနောက်မကြည့်တော့ အစားမှာပဲ
အာရုံရောက်နေတော့သည် ၊ သူ့လိုနမော်နမဲ့
နဲ့ပေါ့ဆလွန်းတာကြောင့် အစားကိုပဲအာရုံ
ရောက်နေတဲ့ကောင်မလေးက သူ့ရှေ့တည့်တည့်ကိုဖြတ်လျှောက်လာတဲ့ အမျိုးသမီးကို
ဝင်တိုက်တော့ ရေခဲမုန့်တွေက အဲ့အမျိုးသမီး
ရဲ့ အင်္ကျီပေါ်စွန်း၍ သူ့ရဲ့ခန္ဓာကိုယ်သေးသေး
ကွေးကွေးလေးဟာလဲ အဲ့အမျိုးသမီးရဲ့
ရင်ခွင်ထဲဆီကို သူ့အလိုလိုဝင်ရောက်သွား‌တော့မှ မော့ကြည့်မိတော့ နှစ်ယောက်သား အကြည့်
ချင်းဆုံလေ၏

" အာ အာ . တောင်းပန်ပါတယ်နော် အမ
အယ် ပေကုန်ပြီ သွားပါပြီရှင် . မိမှုံ မိမှုံ နင်ဟာလေ နမော်နမဲ့ကိုနိုင်လွန်းတယ် sorry ပါနော်
ညမ အင်္ကျီအတွက်ပြန်လျော်ပေးရမလားဟင်"

" အော် မဟုတ်တာပဲ ရပါတယ် အမအပြစ်ပါ
အမကဖုန်းကြည့်နေရင်း အရှေ့ကိုသတိမထား
မိပဲ ဝင်တိုက်မိသွားတာပါ ကိစ္စမရှိပါဘူး ငယ်
အမ Toilet က ဘေစင်မှာ သွားဆေးလိုက်ပါ့
မယ် ရတယ်နော် "

" အာ ~ ဟုတ် အားနာလိုက်တာ နားလည်ပေးလို့ကျေးဇူးပါနော် "

" အင်း ငယ် ဒါဆိုအမသွားလိုက်အုန်းမယ်နော်
အလျင်လိုနေတာမို့ "

" အာ ~ ဟုတ်ဟုတ် အမ ကောင်းကောင်း
သွားပါနော် "

" ဟုတ် "

လှည့်ထွက်သွားတဲ့ ထိုအမျိုးသမီးကို မှုံတစ်ယောက် နောက်ကနေ ငေးကြည့်မိနေသည်
လမ်းလျှောက်တဲ့စတိုင်ကအစ Perfect ဖြစ်
နေတာမို့ မှုံ့ကတော့ သဘောကျနေမိတော့သည်

" ဝိုး ... အရမ်းမိုက်တာပဲ Style က ငါ့နီးပါးပဲ
အဟက် "

မှုံနဲ့ဆုံဖြစ်ခဲ့တဲ့ ဒီအမျိုးသမီးဟာဆိုရင် ခန့်ရင်းဆက်ရဲ့ ညီမဖြစ်သူ ခင်ရင်းဆက်ပေါ့

If possible ~Where stories live. Discover now