If Possible ( Part - 3 )

Start from the beginning
                                        

" ဒါနဲ့ အစ်ကိုက တစ်ယောက်တည်းလာတာ
လားဟင် "

" မဟုတ်ဘူး ညီ အစ်ကို့ ညီမလေးနဲ့လာတာ "

" ဟုတ်လား အစ်ကို့မှာ ညီမလေးရှိတာလား "

" ဟုတ်တယ် ညီ ၊ ညမအရင်း , သူ့နာမည်က
မှုံသဏ္ဌာန် တဲ့ "

" နာမည်လေး‌ကလှလိုက်တာ "

" ဟစ် . သူကအခုဟိုတံတားနားကိုသွားတယ်
လာ အစ်ကို့တို့သူ့နောက်လိုက်ရင်း စကား
ပြောကြတာပေါ့ "

" ဟုတ် "

နှစ်ယောက်အတူ စကားပြော ရယ်မောရင်း
မှုံ့ဆီသို့ သွားခဲ့လေတယ် ၊ ဒါမဲ့မှုံ့ကိုမတွေ့ခဲ့
တော့ ဉာဏ်က သူ့ညမဖြစ်သူကို ဖုန်းလှမ်း
ဆက်တယ်

" မှုံ . မှုံ ဘယ်မှာလဲ "

" အာ ကိုကြီး ဆောတီးပါ မှုံ က ရေခဲမုန့်ဝယ်နေ
လို့ ကန်တော်ကြီးရဲ့ ဝင်ပေါက်ကိုဝင်ရင်အရင်ဆုံး တွေ့ရတဲ့ Ice - Cream ဆိုတဲ့ရေခဲမုန့်ဆိုင် "

" အော် အဲ့ဒါကို ကိုကြီးကိုမပြောဘူး ခုနတုန်းက‌တော့ တံတားပေါ်မှာလမ်းလျှောက်
နေပြီးတော့ အခုလာကြည့်တော့မရှ်ိတော့လို့
စိတ်ပူသွားတာပဲ ကိုကြီးကိုဖုန်းဆက်ရောပေါ့ "

" ဟုတ် မှုံ မေ့သွားလို့ပါ ကိုကြီး ဖုန်းဆက်ဖို့ကို
လေ အရမ်းစားချင်နေတာနဲ့ သွားဝယ်လိုက်တာ
ပါ ဟီး ဟီး "

" ဟုတ်ပါပြီ ဒါဆိုကိုကြီးအဲ့ဘက်ကိုပဲတခါထဲ
လာခဲ့လိုက်တော့မယ်နော် "

" ဟုတ် ကိုကြီး "

ဖုန်းလဲချပြီးမှာပင်

" မှုံကတော့ အဲ့လိုပဲညီရေ လုပ်လိုက်ရင်
နမော်နမဲ့ကြီးပဲ အဲ့လိုနဲ့တော့ သူလဲယောကျာ်း
ရအုန်းမယ် ဟား ဟား ဟား "

အော်ရယ်လိုက်တဲ့အသံကြီးက ခရောင်တောင်
မနေတတ်လို့ သူ့ကိုကြည့်ပြီး ရယ်လိုက်ရ၏

" ညမဖြစ်သူကိုနော် "

" ဟုတ်တယ်ဆို ညီရယ် အဲ့ကောင်မလေးက
အဲ့လိုပဲ ကဲ အာ့ဆိုလဲ သူ့ဆီပဲသွားလိုက်ကြရ
အောင်ပေါ့ သူနဲ့တွေ့ပြီးတာနဲ့ အစ်ကိုတို့တစ်နေရာကိုသွားကြတာပေါ့ စားဖို့သောက်ဖို့ "

If possible ~Where stories live. Discover now