If Possible ( Part - 3 )

Start from the beginning
                                        

" အောင်မယ် ဒို့အစ်ကိုက သိပ်စွံပါလား "

" ဟုတ်လို့လားညီရာ အစ်ကိုကခမ်းခမ်းနားနား
ကြီးလဲဝတ်ဆင်ထားတာမှမဟုတ်တာညီရဲ့ "

" မခမ်းနားပေမဲ့ အစ်ကိုကသေလောက်အောင်
ကြည့်လို့ကောင်းနေတာကိုဗျ . မိန်းကလေးတွေ
မငမ်းပဲနဲ့တောင်မနေနိုင်တဲ့ပုံစံကြီးနဲ့မဟုတ်လို့
လား "

" ညီကတော့နောက်ပြီ‌ဗျာ "

ခရောင်ကတော့ ပါးစပ်လေးအုတ်ပြီးရယ်မိသည်

" ညီက Mask ကိုအပြင်ထွက်တိုင်းတပ်တာလား ဘာကြောင့်လဲဟင် "

ဒီလိုမေးလာတော့ မျက်နှာကမညှိုးပဲမနေနိုင်
တော့ပေ ။ အဲ့ဒါနဲ့ပဲနောက်ဆုံးတော့ သူ Mask
ချွတ်ပြခဲ့ပါတယ် ၊ ချွတ်တဲ့အချိန်ထိ သူ့မျက်နှာ
ညှိုးနွမ်းလို့နေစဉ်ပဲ

" အို "

" အဲ့ဒါကြောင့်ပါ ကျွန်တော်ကမျက်နှာမလှဘူး
ဒီအမာရွတ်ကြီးကြောင့်ပေါ့ အရင်က အလုပ်
ဝင်လျှောက်တာလဲ ပညာအရည်အချင်းနဲ့
ရုပ်ရည်ပိုင်းအဓိကလေ အဲ့လိုဆို မပါခဲ့ဘူးဒီမျက်နှာပေါ်က စိတ်ပျက်ဖို့ကောင်းတဲ့အရာ
ကြောင့်ပေါ့ ကျွန်တော်တကယ်တောင်းပန်ပါတယ်နော် အစ်ကို့ကိုအမှန်အတိုင်းမပြောပြ
ဖြစ်ခဲ့လို့ ရုပ်ဖျက်ပြီး အစ်ကို့ဆီအလုပ်ရအောင်
ဝင်လာမိခဲ့လို့ ကျွန်တော်တကယ်တောင်းပန်
ပါတယ်နော် ကျွန်တော်လည်းဘယ်လိုမှမတတ်သာလို့ပါ ကျွန်တော့်ကိုခွင့်လွှတ်ပေးမယ်မလား
ဟင်

ဉာဏ် က ခ ရဲ့ ပုခုံးကိုပုတ်လိုက်တယ်

" ခွင့်လွှတ်ပါတယ်ညီ ဒါကအပြစ်မဟုတ်ပါဘူး
ကိုယ်မင်းကိုခန့်လိုက်တာကလဲ မင်းရဲ့ပညာ
အရည်အချင်းနဲ့ လုပ်ချင်ကိုင်ချင်စိတ်ကလေး
ရှိတယ် မင်းကတော်တဲ့ကောင်လေးတစ်ယောက်မို့ အစ်ကိုခန့်လိုက်တာပါ . အစ်ကို့
ဆိုင်က အလုပ်သမားတိုင်း ရုပ်ချောမှခန့်မယ်
ဆိုတဲ့စိတ်အစ်ကို့မှာမရှိပါဘူး ညီ ။ အစ်ကိုပြောတာမင်းနားလည်တယ်ဟုတ် . ဘာမှအားငယ်
မနေနဲ့နော် ကြားလား ကဲ အခုတခြားသူတွေကို
မမြင်စေချင်ရင် Mask လေးပြန်တပ်လိုက်အုန်း
နော် "

ခရောင် က သူ့ခေါင်းကိုထပ်တလဲလဲညှိတ်တော့ ဉာဏ်က သူ့‌ဆံပင်ပွနေတဲ့ဦးခေါင်းလေး
ကို ငြင်သာစွာပုတ်ပေးလိုက်မိသည် အဲ့တော့မှ
Mask ကိုပြန်တပ်လိုက်လေ၏

If possible ~Where stories live. Discover now