If Possible ( Part - 3 )

Start from the beginning
                                        

" ဟယ်လို ညီ "

" အာ အစ်ကိုတည် ဘာလို့ဆက်တာလဲဗျ "

" ညီ အခုအိမ်မှာလား "

" ဟုတ်တယ် အစ်ကို ဘာဖြစ်လို့လဲဟင် "

" ဗိုလ်ချုပ်ပန်းခြံကိုလာခဲ့မလားဟင် အစ်ကို
တို့ စကားပြောရင်း လမ်းထွက်လျှောက်ကြတာ
ပေါ့ "

" အခုလား အစ်ကို "

" အင်း ရရဲ့လားဟင် ညီ အားရဲ့လား "

" ဟာရတယ်အစ်ကို အခု အမေနဲ့ရုပ်ရှင်ကြည့်
နေတာ ရတယ်နော် ကျွန်တော်လာခဲ့ပါ့မယ် "

" ok ညီ အစ်ကိုကရောက်နေပြီ ညီ့ကိုစောင့်နေ
မယ်နော် "

" ဟုတ် အစ်ကို "

ဖုန်းချပြီးတာနဲ့ ဟိုကစောင့်နေသည်မို့ အိမ်ပေါ်
ကိုရုန်းရင်းဆန်ခတ် ပြေးတက်ကာ အဝတ်သွား
လဲတော့သည် .

" အမေ ကျွန်တော် ဗိုလ်ချုပ်ပန်းခြံကိုသွားလိုက် ဦးမယ်နော် ဆိုင်ပိုင်ရှင်က သားနဲ့တွေ့
ချင်တယ်ဆိုလို့ "

" အင်း သား ရတယ်လေ သွားသွား ဒါမယ့်
ဂရုတော့စိုက်ပြီးတော့တော့ သွားနော် "

" ဟုတ်အမေ "

အလျင်စလိုဖြင့် အိမ်ကနေထွက်ဖို့လုပ်နေစဉ်မှာ မေ့ကျန်ခဲ့တဲ့အရာတခုကို အမေဖြစ်သူက
အသိပေးလိုက်ရ၏

" သား "

သားလို့ခေါ်တော့ နောက်ပြန်လှည့်ကြည့်၍

" ဘာကျန်ခဲ့လဲ "

" ဗျာ အမေ သားဘာကျန်ခဲ့လို့လဲဟင် "

" Mask . mask "

" အာ ~ ဟုတ်သားပဲ "

ရှက်ပြုံးပြုံးပြီး Mask အနက်လေးကိုကောက်
တပ်ပြီးမှ အိမ်သို့ထွက်လာခဲ့တော့သည်

ဗိုလ်ချုပ်ပန်းခြံကို နာရီဝက်နဲ့ရောက်လာခဲ့သည်
ရောက်ရောက်ချင်း အစ်ကိုတည်တံ့ဉာဏ်ကို
ဖုန်းဆက်ရသေးသည် .

" အစ်ကို ဘယ်နားလောက်မှာလဲဟင် ကျွန်တော်အထဲကိုဝင်လာပြီ "

ဟိုက ဘယ်မှာရှိနေလဲပြောတော့မှ ဟုတ် ဟုတ်
ဟုဆိုပြီးလျှင် တည်နေရာသို့ဦးတည်ပြီးသွား
ခဲ့၏ နှစ်ယောက်တွေ့ကြတော့မှ တည်တံ့ဉာဏ်
ဆိုတဲ့လူဟာ အပန်းဖြေရင်း အားကစားလာလုပ်သည်ထင်ပါရဲ့ အားကစားအင်္ကျီလက်ဖုံး
ဘောင်းဘီတိုနဲ့ . ဝမ်းဆက်ကအနက်ရောင်မို့
ဒီလူတော်တော်ကြည့်ကောင်းနေသည် အသား
အရည်ကလဲ ထင်ထားတာထက်ပို၍ ဝင်းလက်
နေကာ ရင်ဘတ်ဖွေးဖွေးကြီးကမသိရင် Sugar
Daddy ကြီးလိုပင် . ချွေးထွက်နေတာကြောင့်
နဖူးကနေ ချွေးတွေကစီးကျနေတာမို့ ပျော့ပျောင်းနေတဲ့ ဆံပင်တွေကလည်းအချောင်းလိုက် ၊ ဆံပင်ကိုသပ်တင်လိုက်တော့
ဘေးနားကဖြတ်လျှောက်သွားတဲ့ မိန်းကလေး
အချို့က သူ့ကိုမငေးကြည့်ဘဲမနေနိုင်လောက်
အောင်ကို သူ့စတိုင်က မိမိုက်နေတာပါ .
ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်တွေချည်းပဲဆင်မြန်းထားတာမို့ အားကစားဝတ်စုံဝမ်းဆက်ကလဲ အနက် Skechers ကလဲအနက်နဲ့
မို့ သူ့အသားအရည်နဲ့သိပ်ကိုကြည့်ကောင်းလွန်းနေသည် ~

If possible ~Where stories live. Discover now