If Possible ( Part - 3 )

Comenzar desde el principio
                                        

" ဗျာ ~ အဲ့တော့ ကျွန်တော်ဘာကျေးဇူးပြန်
ဆပ်ရမှာလဲဟင် "

" အေးဆေးပေါ့ နောက်မှသိရလိမ့်မယ် "

" ဟမ် "

" အာ့ဆို ကိုယ်သွားပြီ ရော့ ဒီမှာနို့ဆန်ပြုတ်တွေ စားပြီးရင်ဆေးသောက်ဖို့လဲမမေ့နဲ့အုန်း
နော် ခင်က ဆေးတွေပေးလိုက်တယ်မလား
သေချာသောက်နော် ဟုတ်ပြီလား "

" ဟုတ်ပါပြီ သွားပါတော့ ကျွန်တော်ဗိုက်ဆာ
နေပြီ "

" အင်းအင်း ဒါပဲ ဒါပဲ "

ပြောပြီးပြီးချင်း ဟိုကလဲနှင်ထုတ်နေပြီဖြစ်၍
ချက်ချင်းပင် ကားနဲ့မောင်းထွက်သွားတော့သည် ~

" နေစမ်းပါအုန်း နောက်မှသိရလိမ့်မယ်ဆိုတဲ့
စကားကဘာလဲ ငါသူ့ကိုဘာကျေးဇူးဆပ်ရ
မှာလဲ ဟက် . ကြက်သီးတောင်ထတယ် ဘာပါ
လိမ့် "

_________________________

( ၇ရက်ကြာသော် )

တိတ်ဆိတ်‌နေတဲ့ရပ်ကွက်လေးတစ်ခုရှိ
အေးချမ်းတဲ့အိမ်လေးတစ်ခုက သားအမိ
နှစ်‌ယောက် ၊ TV ကြည့်ကာ တစ်ယောက်နဲ့
တစ်ယောက်ရယ်မောနေကြပြီး အပြန်အလှန်
စနောက်နေကြတဲ့မြင်ကွင်းလေးတစ်ခုကို
ပန်းချီကားရေးဆွဲရင်တောင် လှလိမ့်မယ်မထင်
အင်မတန်နွေးထွေးပြီး နှစ်ယောက်ကိုကြည့်
လိုက်ရင်ပင် မပြုံးပဲမနေနိုင်တာကြောင့်
ပန်းချီကားပေါ်မှာ ဒီမိခင်နဲ့သားရဲ့အပြုံးပန်း
တစ်ချို့ကိုရေးဆွဲမည်ဆိုရင်တောင် လက်တွေ့
အတိုင်းလှမည်မထင်ရက်ပါ ~

" တော်ပါတော့ . ဟီး . အမေရယ် . ဟ ဟ .
သားကိုစနေတာတွေကို "

" အောင်မယ် ဘယ်သူက အရင်လာစတာလဲ
အမေ့ကို "

" ဟုတ်ပါပြီဗျာ သားကပဲ မှားပါတယ် မစပါနဲ့
တော့နော် "

" ဟုတ်ပါပြီရှင် "

နောက်ဖေးကလာတဲ့ တဂွီဂွီမြည်နေတဲ့ဖုန်းသံကြောင့်

" အာ အမေဒါနဲ့ နောက်ဖေးမှာဖုန်းလာနေတာ
မလား "

" အင်းဟုတ်သား သွား မြန်မြန်သွားယူအုန်း "

" ဟုတ်ကဲ့အမေ "

နောက်ဖေးကိုတည့်တည့်မတ်မတ်ကြီးကိုပြေးချသွားတော့တာပါပဲ

If possible ~Donde viven las historias. Descúbrelo ahora