" ဟေး ~ အဖျားရှိသေးပါလား "
" အမ် . အာ ~ အင်း "
" ကားနဲ့လိုက်ပို့ပေးရမလား အိမ်ကို "
" ဟာ ရပါတယ် . မလိုပါဘူး ကျွန်တော့်ဖာသာ
ပြေးပြီးပြန်သွားလိုက်မယ် "
" ဟာ မဟုတ်တာ လာပါ ကားထဲဝင် ကိုယ်
လိုက်ပို့ပေးမယ် "
" မလုပ်ပါနဲ့ ကျွန်တော်သူဌေးတွေရဲ့ ကားမစီး
တတ်ဘူးဗျ "
" အမလေး ဟားဟားဟား "
ရင်းဆက်ရယ်မိတော့သည်
" ခင်ဗျားဘာလို့ရယ်တာလဲ "
" မင်းက သူဌေးတွေရဲ့ကားမစီးတတ်ဘူးဆို "
" တစ်ခါမှမစီးဖူးတဲ့လေသံနဲ့ မနေ့ကပဲ သတိလစ်သွားတဲ့ သူကိုကိုယ်တိုင် ဒီကားထဲ
ထည့်ပြီး လမ်းခရီးတစ်လျှောက်လုံးလိုက်လာ
တာဘယ်သူလဲ "
" ဟမ် . အော် ဟုတ်သားပဲနော် သေချာပြန်
စဉ်းစားကြည့်မိလိုက်တော့ "
" အရူးလား "
" ဟာ ဘာပြောတာလဲ ကျွန်တော့်ကို "
" ကဲပါ လာ ကားပေါ်တက် အိမ်ကိုလိုက်ပို့ပေး
ပါ့မယ် "
" မလိုက်ဘူး "
မလိုက်ဘူးဟု ငြင်းဆိုနေတဲ့ကောင်လေးကို
နောက်ကနေ အတင်း ကျောပြင်ကိုတွန်း၍
ရှေ့သို့ ပို့လိုက်တော့မှ ကားထဲဝင်လိုက်ရ၏
" နဂိုထဲက ဝင်လိုက်ရမှာ အခုတော့ ငါအင်အား
သုံးလိုက်ရတာ လက်ပါနာတယ် "
" ဟုတ်ပါပြီမောင်းပါတော့ ကျွန်တော်ဘာမှ
မစားရသေးဘူးနော် "
" ဟုတ်ကဲ့ပါဗျာ "
ကားရှေ့ခန်းကိုဝင်ပြီး မောင်းထွက်ခဲ့တယ်
ခရောင်သွေးရဲ့ အိမ်အထိပေါ့ . ရောက်လည်း
ရောက်ရော ခရောင်တို့ ကားပေါ်ကနေချက်ချင်းဆင်းပါလေရော ~
" ကျေးဇူးပါ "
"မင်းဘာတွေဖြစ်နေတာလဲ အားနာနေတာလား
" ဟမ် ~ ခင်ဗျားဘယ်လိုသိတာလဲ "
" မင်းမျက်နှာက ငါ့ကိုအားနာနေတဲ့ပုံပေါက်
နေလို့ပါ "
" မင်းငါ့အကြွေးတွေရှိသေးတယ်နော် ငါမင်းကို
ကူညီပေးခဲ့တာတွေ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 3 )
Start from the beginning
