If Possible ( Part - 3 )

Start from the beginning
                                        

" ဗိုက်ကတော့ဆာနေပေမဲ့ ရပါတယ်အမေ
မဝယ်လာနဲ့တော့နော် သားပဲ သွားဝယ်လိုက်
မယ် ဒီလမ်းထိပ်မှာ ဘာဆိုင်လေးတွေများ
ရှိမလဲလို့လေ "

" သားရယ် နေမှမကောင်းသေးတာအပြင်
မထွက်ပါနဲ့ ဟုတ်ပြီ ဒါဆိုအမေအခုပဲပြန်လာ
ခဲ့လိုက်တော့မယ် သားကိုစားစရာတစ်ခါထဲဝယ်လာခဲ့မယ် "

" အာ . အမေရပါတယ် မဝယ်လာနဲ့တော့နော်
ကျွန်တော်အတည်ပြောတာပါ အမ်း ........ သား
ပဲ သွားဝယ်မယ်လေနော် အမေ "

" ဖြစ်ရဲ့လားသားရယ် "

" တော်ကြာ မူးလဲနေမှ "

" ဘာမှမဖြစ်ပါဘူး အမေရဲ့ စိတ်ချပါနော်
အမေ့သား ဘာမှမဖြစ်စေရဘူး "

" အင်းအင်း သတိထားပြီးလည်းသွားအုန်း
ဒါဆို "

" ဟုတ်အမေ ဒါဆိုသား ဖုန်းချလိုက်တော့မယ်
နော် "

" အင်းအင်း သား . "

ဖုန်းချပြီးသည်နဲ့ TV စင်အောက်က ဗီရိုထဲမှာ
ထည့်သိမ်းထားတဲ့ ပိုက်ဆံ ၂၀၀၀ ကိုယူပြီး
Mask ကိုသေချာတပ်ဆင်ပြီးမှ အိမ်အပြင်ကိုထွက်ကာ တံခါးကိုသေချာသော့ခတ်ပြီး
ထွက်လာခဲ့သည်

လမ်းထိပ်ရောက်တော့ နို့ဆန်ပြုတ်အသည်ကို
တွေ့သည်နှင့် တခါထဲ နို့ဆန်ပြုတ်ဝယ်ခဲ့လိုက်၏

" ဦးလေး ကျွန်တော့်ကိုတစ်ထုပ်ပေးပါ
ဘယ်လောက်လဲဟင် "

" ၅၀၀ ပါ ကလေး "

" အာ ဟုတ်လား ဒါဆို ၂ထုပ်ပေးလိုက်ပါ "

" ဟုတ်ပြီကလေး ရမယ်နော် "

ဦးလေးကြီးက နို့ဆန်ပြုတ်ထည့်နေစဉ် ခရောင်
ရဲ့ ဘေးသို့ရောက်လှမ်းလာတဲ့သူတစ်ယောက်က

" ဦးလေး ကျွန်တော့်ကိုလည်း ၂ထုပ်ပေးပါဗျ
ပြီးတော့ ဒီကောင်လေး စာပါ ထည့်တွက်လိုက်
နော် "

ထိုစကားကိုကြားသည်နှင့် ခရောင်တစ်ယောက်
ခေါင်းကိုမော့ကြည့်စဉ် တွေ့လိုက်ရတဲ့သူက
တော့ ခန့်ရင်းဆက်ဖြစ်နေခဲ့လေသည်

" ဟမ် . ခင်ဗျား "

" ဘာလဲ မင်းအတွက်ပါ ထည့်ရှင်းပေးတာလေ
မလုပ်ရဘူးလား "

If possible ~Where stories live. Discover now