If Possible ( Part - 3 )

Start from the beginning
                                        

လမ်းထိပ်ရောက်တော့ နို့ဆန်ပြုတ်အသည်ကို
တွေ့သည်နှင့် တခါထဲ နို့ဆန်ပြုတ်ဝယ်ခဲ့လိုက်၏

" ဦးလေး ကျွန်တော့်ကိုတစ်ထုပ်ပေးပါ
ဘယ်လောက်လဲဟင် "

" ၅၀၀ ပါ ကလေး "

" အာ ဟုတ်လား ဒါဆို ၂ထုပ်ပေးလိုက်ပါ "

" ဟုတ်ပြီကလေး ရမယ်နော် "

ဦးလေးကြီးက နို့ဆန်ပြုတ်ထည့်နေစဉ် ခရောင်
ရဲ့ ဘေးသို့ရောက်လှမ်းလာတဲ့သူတစ်ယောက်က

" ဦးလေး ကျွန်တော့်ကိုလည်း ၂ထုပ်ပေးပါဗျ
ပြီးတော့ ဒီကောင်လေး စာပါ ထည့်တွက်လိုက်
နော် "

ထိုစကားကိုကြားသည်နှင့် ခရောင်တစ်ယောက်
ခေါင်းကိုမော့ကြည့်စဉ် တွေ့လိုက်ရတဲ့သူက
တော့ ခန့်ရင်းဆက်ဖြစ်နေခဲ့လေသည်

" ဟမ် . ခင်ဗျား "

" ဘာလဲ မင်းအတွက်ပါ ထည့်ရှင်းပေးတာလေ
မလုပ်ရဘူးလား "

" ခင်ဗျားလို ချမ်းသာတဲ့သူဌေးကြီးကလည်း
နို့ဆန်ပြုတ်စားသေးတာလား "

" ဟာ ဒီကောင်လေး ဆိုင်ရှေ့မှာ အရိပ် ၃ပါး
နားမလည်ဘူးပဲ နေအုန်း "

" ဦးလေး ရပြီလား "

" ဟုတ် ကောင်လေး "

" ဒါဆိုရော့ အားလုံးပေါင်း ၂၀၀၀ ပေါ့နော် "

" ဟုတ်ပါတယ် "

" ဒီမှာပါ ပေးပြီးပြီနော် "

" ကျေးဇူးပါဗျာ မနက်အစောကြီးဈေးဦးပေါက်ခဲ့ပြီ "

" ဟုတ်ကဲ့ ဒါဆိုကျွန်တော်တို့သွားလိုက်ပါအုန်း
မယ် "

ခန့်ရင်းဆက်က ခရောင်သွေးရဲ့ မျက်နှာကို
လှည့်ကြည့်လိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ပြုံးပြရင်း ဘာမပြောညာမပြောနဲ့ခရောင်ရဲ့ လက်ကိုအတင်းကိုင်လိုက်ပြီး

" ဟိုဘက်ခဏသွားရအောင် "

" ဟမ် ? "

လက်ကိုကိုင်ပြီးသည်နှင့် ဘာမှဆက်ပြောမနေ
တော့ဘဲ အတူပြေးထွက်သွားခဲ့သည် ~
ကားမှတ်တိုင်ကိုရောက်တော့ ချက်ချင်းပင်
ပြေးရာမှရပ်လိုက်၏

" ဘယ်ကိုခေါ်လာတာလဲ "

" မင်းကိုပြောမလို့ပါ ဒီမှာ ဆိုင်ရှေ့ကြီးမှာ ငါ့လို
လူမျိုးလဲ နို့ဆန်ပြုတ်ဝယ်သောက်သေးတာလားလို့ပြောစရာလား နို့ဆန်ပြုတ်က နိမ့်ကျတဲ့
အစားအသောက်ကျနေတာပဲ ငါလဲလူပါပဲ
နို့ဆန်ပြုတ်စားတာ အပြစ်လားဟ "

If possible ~Where stories live. Discover now