If Possible ( Part - 3 )

Start from the beginning
                                        

နောက်ကနေ သူမလက်ကိုလှမ်းဆုပ်ကိုင်လိုက်တဲ့ သူရဲ့လက်ကို သူမလွှတ်ချလိုက်မိ၏ ပြီးမှ
သူ့မျက်ရည်တွေကို လက်နဲ့အလျင်ဖိသုတ်လိုက်တယ်

" မရှင်းပြပါနဲ့တော့ ကျွန်မသဘောပေါက်
ပါပြီ ကိုခံ့ညား . အခုကစပြီး ရှင်နဲ့ကျွန်မနဲ့
လည်းပျက်ပြီ ကိုခံ့ညား ၊ ကျွန်မအိမ်ကို
လာစရာလည်းမလိုသလို ကျွန်မသားနဲ့လည်း
ရှင်ထပ်တွေ့စရာ ထပ်ပတ်သက်စရာအကြောင်းမရှိတော့ဘူး ရှင်ကကျွန်မသားရဲ့
ဖခင်တစ်ဦးမဟုတ်တော့ဘူး ရှင်ကကျွန်မတို့
သားအမိအတွက်သူစိမ်းဖြစ်သွားပြီ အဲ့ဒါကို
ရှင့်ခေါင်းထဲမှာ မြဲမြဲမှတ်ထား "

ပြောပြီးပြီးချင်း အားလုံးကိုကျောခိုင်းရင်း
ခါးကော့ ရင်မော့၍ ဒီအိမ်တော်ကနေလှည့်
ထွက်လာခဲ့လေသည် ~

________________________________________

( Zawgyi Code )

[ ဇာတ်လမ်းတစ်ခုအဖြစ်နဲ့သာ ဖတ်ရှုပေးပါရန်
တိုက်တွန်းအပ်ပါသည် ]

( Unicode )

Long nights , DayDreams , Sugar and Smoke rings l've been a fool . But strawberry and cigarettes , always taste
like you 📞

ဖုန်းမြည်သံကြောင့် နေမကောင်းသေးတာမို့ အိပ်ယာပေါ်မှာအိပ်စက်အနားယူနေတဲ့ခရောင်
တစ်ယောက် လန့်နိုးသွားခဲ့၏ ထိုသို့ဖြစ်ဖြစ်ချင်းပင် အိပ်ယာမှထကာ ဖုန်းကောက်ကိုင်လိုက်လေသည်

" အင်းပြော "

" ဟဲ့ အသံကဘာဖြစ်တာလဲ မင်းနေမကောင်း
ဘူးလား "

" အင်း ငါဖျားနေတယ် အလုပ်တောင်မသွားဘူး "

" ဟာ ဟုတ်လား . အခုရောဘယ်လိုနေသေးလဲ
"

" အိပ်နေတာ မင်းဖုန်းဆက်လို့ ငါလန့်နိုးသွားတာ "

" အာ ~ ဟုတ်လား . အေး တောင်းပန်ပါတယ်
ကွာ ငါမသိလို့ပါ "

" ရပါတယ် ဒါနဲ့ဘာကိစ္စလဲ "

" မနက်ဖြန် ငါ့အမေမွေးနေ့မို့လေ အဲ့ဒါငါမွေးနေ့လက်‌ဆောင်ဘာပေးရမှန်းမသိလို့ မင်းကို ငါနဲ့ Market တစ်ခုကိုလိုက်ခိုင်းမလို့ပါ အခု
မင်းက နေမကောင်းဘူးဆိုတော့လည်း ရတယ်
နော် "

" အင်း ဒီတစ်ခေါက်တော့နားလည်ပေးပါနော်
မင်း ကောင်မလေးနဲ့သွားလိုက်လေ နော် "

If possible ~Where stories live. Discover now