" ဘာ ပြန်လို့ရပြီ ဟုတ်လား ၊ နင့်စကား
အောက်တန်းမကျနဲ့ နင့်ယောကျာ်းငါ့ကိုဘယ်လိုလုပ်ခဲ့လဲရော နင်သိရဲ့လား နင်သာ
ငါ့နေရာမှာဆို ဘယ်လိုဖြစ်နေမလဲ ဘယ်လို
ခံစားရမလဲ နင်အောက်တန်းစားမဆန်ဘူးလား
နင့်မှာကိုယ်ချင်းစာနာစိတ်ရောရှိရဲ့လား "
" အောင်မယ် မယားငယ်မကပဲ မယားကြီးကို
ပြန်လာဟစ်နေသေးတယ် ဘာမှငါ့အစားနင်ခံ
ကြည့်လေလာမလုပ်နဲ့ ငါကနင်မဟုတ်လို့ပဲ
ဘာမှ ကိုယ်ချင်းစာစိတ်လည်းမရှိသလို ဘာမှလည်း ငါ့ဘက်ကလမ်းခွဲပေးစရာအကြောင်းမရှိဘူး . ငါ့မှာလည်းငါ့သားသမီးနဲ့ငါ . ငါ့ကလေးတွေရှိသေးတယ်အဲ့တော့ဘယ်လိုနည်းနဲ့မှနင့်ကိုကိုယ်ချင်းစာပြီးလမ်းခွဲပေးစရာအကြောင်းမရှိဘူး ဟုတ်ပြီလားနင်နားလည်ပြီလား . ပြန်ပါတော့ဟယ် နင်ပြန်လိုက်ပါတော့ ငါ့အိမ်သက်သက်မဲ့နေရင်းထိုင်ရင်း ကျက်သရေမရှိ
တော့သလိုပဲ "
အပေါ်ထပ်ကနေ အောက်ကိုလှေကားတထစ်စီ
ဖြည်းဖြည်းချင်းဆင်းလာတဲ့ကောင်လေးတစ်
ယောက်
" ဘာတွေဖြစ်နေကြတာလဲ "
" သား "
မျက်မှောင်ကိုကြုတ်ထားကာ ဒေါ်သွေးကို
သေချာစိုက်ကြည့်မိနေ၏ ဒီကောင်လေး
ရုပ်ရည်က ချောပြီး အဆင့်အတန်းရှိပေမဲ့
စိတ်ထားကလဲ သူ့မအေလိုပဲထင်မိပါတယ်
" ခင်ဗျားက မယားငယ်ပေါ့ ဒါဆို "
" ဟုတ်ပသားရယ် မယားငယ်ကပဲ အမေ့လို
မယားကြီးကို ပြန်ဟစ်လိုက်သေး "
ဒေါ်သွေးနောက်ဆုံးသူ့မျက်ဝန်းဝက ကျမလာ
သေးတဲ့မျက်ရည်တွေကို မျက်လုံးမှိတ်ခြင်းဖြင့်
ပါးပြင်ပေါ် မျက်ရည်အားလုံးကျဆင်းလာခဲ့
တယ်
" ခင်ဗျားပြန်ပါတော့ ၊ ကျွန်တော့်အမေ ကောင်းကောင်းပြောနေတုန်း မဟုတ်ရင်ခင်ဗျားကိုလက်ပါမိရင် ခင်ဗျားပဲခံရမှာနော် "
စကားတွေက သိပ်ကိုရင့်သီးလွန်းနေသည် ဒါဟာ အသက် ၁၇နှစ်အရွယ်ကောင်လေးတစ်ယောက် ပြောသင့်တဲ့စကားလား လူကြီးကို
သူမို့လို့ ဒီလိုစကားမျိုးနဲ့ပြောထွက်ရဲသည်
" သွေး မင်းပြန်လိုက်တော့ ကိုယ်နောက်မှ
ရှင်းပြပါ့မယ်ကွာ "
ESTÁS LEYENDO
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 3 )
Comenzar desde el principio
