If Possible ( Part - 3 )

Start from the beginning
                                        

အဏ္ဏဝါခင် ဆိုတဲ့မိန်းမတစ်ယောက်ဟာ သူ
ဒေါသဖြစ်လာတဲ့အချိန်ဆို လူစိတ်ကိုမရှိ‌တော့တာ စကားပြောတာတွေကလဲ လူနဲ့မလိုက်
တကယ့်ကိုအောက်တန်းကျလွန်းပါပေရဲ့ ။

" ဒီမှာ နင်က ငါ့ယောကျာ်းရဲ့ မယားကြီးပဲ
ဖြစ်ဖြစ် မယားငယ်ပဲဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး . ဒါပေမဲ့အခုကတော့ နင်ကမယားငယ်
အေး ... ကိုခန့်ညားက ငါ့ကိုအရင်ယူထားတာ
နင့်ကိုနောက်မှယူတာ . လာပြီး သေမလိုဖြစ်ပြ
မနေနဲ့ နင်ပဲကလေးရှိတာမဟုတ်ဘူး ငါ့မှာလဲ
ကလေးရှိတယ် နင်ကသားတစ်ယောက်ပဲရှိတာ
ငါကတော့ နှစ်ယောက်ရှိတာ . ဒီလိုဒေါသထွက်ချင်ထွက် ငါကထွက်ရမှာမဟုတ်ဘူးလား "

" ခင် ကိုယ်တောင်းပန်ပါတယ် . ကိုယ်နောက်မှ
ရှင်းပြပါ့မယ် "

" မလိုဘူး ဒီမှာ သွေးနုရောင် နင်ငါ့မျက်နှာကို
ကြည့် "

ခက်ထန်တဲ့စကားနဲ့ ပြောလိုက်ခြင်းကြောင့်
ဒေါ်သွေး ထိုမိန်းမရဲ့ မျက်နှာကိုချက်ချင်းပင်
မျက်စောင်းထိုးနည်းအလား လှည့်ကြည့်မိသည်

" ငါဒီကိစ္စကို အားလုံးသိထားပြီးသား ကိုခံ့ညား ရှင်မယားငယ်ထပ်ယူထားတယ်ဆိုတာကို ၊ နောက်ပြီး ဒီမှာ မသွေးနုရောင် နင်သိလား
ငါ့ယောကျာ်းကနင့်ကိုတကယ်မချစ်ပဲ ဒီတိုင်း
လိုရာအသုံးချနေတယ်ဆိုတာကိုလေ "

" ဟမ် ~ ဘာ "

ဒေါ်သွေး အသက်ရှူရတာတောင်ခက်ခဲနေပြီ
သူမတကယ်ကိုသနားဖို့ကောင်းလွန်းပါတယ်

" ဘာလဲ သိပ်ကိုအံ့ဩသွားလို့လား ဟုတ်တယ်
ငါ့ယောကျာ်းက နင့်ကိုတကယ်မချစ်ခဲ့ဘူး
နင်ကသူ့အတွက်တော့ ကစားစရာပဲ ဘုရင်မ
တစ်ယောက်မဟုတ်ဘူးနော် နင်တို့အဖေ
စီးပွားရေး ဒိတ်ဒိတ်ကြဲ ကောင်းမွန်လာတုန်းက
ကိုခန့်ညားရဲ့ စီးပွားရေးအခြေအနေက ကျဆင်းနေလို့ သူ့စီးပွားရေးကောင်းမွန်အောင်
နင့်အဖေကိုချဉ်းကပ်ပြီး နင့်ကိုသက်သက်မဲ့
မြှူဆွယ်ခဲ့တာ နင်သိရဲ့လား ၊ နင့်ကိုသဘောကျတာကြောင့်မဟုတ်ဘဲ သူ့စီးပွားရေး
အောင်မြင်အောင် နင့်ကိုအသုံးချပြီး ဒီလိုလုပ်
ခဲ့တာ နင်သိပြီလား . အဲ့ဒါကို ငါ့ယောကျာ်းကပဲ
နင့်ကိုချစ်ပါတယ် နင့်ကိုအရမ်းစောင့်ရှောက်ပါ
တယ်ဆိုပြီး မာန်တက်ပြမနေနဲ့ အခုတော့နင့်ဘက်က နားလည်သွားပြီမလား ဒါဆိုပြန်လို့
ရပြီ "

If possible ~Where stories live. Discover now