If Possible ( Part - 3 )

Start from the beginning
                                        

( လွန်ခဲ့သော ၁၀နှစ်က )

" ဟက် ~ ဒါ ဘာလုပ်နေတာလဲ "

Sofa ပေါ်မှာ ဦးခံ့ညားရင်းဆက်ရဲ့ ရင်ခွင်
ထဲ တိုးဝင်ပြီး နှစ်ယောက်အတူ ရယ်မောရင်း
TV ကြည့်နေရာမှ နှစ်ယောက်ပြိုင်တူ မတ်တပ်ရပ်ခဲ့တယ်

" သွေးနု "

" ရှင် ကျွန်မကိုမခေါ်နဲ့ အခုရှင်ကျွန်မနာမည်ကို
အရင်လို ခေါ်ခက်စရာ အကြောင်းမရှိတော့ဘူး"

ငိုသံဖြင့် ပြောဆိုလိုက်သည့် ဒေါ်သွေးနုရောင်

" ရှင့်မှာ မယားကြီးရှိနေရဲ့သားနဲ့ ကျွန်မကို
လိမ်ပြီး အခုလိုလုပ်ခဲ့တာပေါ့လို့ ဒါရှင့်ရက်စက်လွန်းရာမကျဘူး‌လား ကျွန်မကိုရှင်လိမ်ရက်
တယ်နော် "

ဦးခံ့ညားရင်းဆက်က ဒေါ်သွေးနုရောင်ဆီ
တည့်တည်မတ်မတ်သွားလိုက်ရင်း သူမ
လက်နှစ်ဖက်ကိုပူး၍ဆုပ်ကိုင်လိုက်ပြီး

" ‌သွေးနု မင်းကိုဘယ်သူပြောပြလိုက်တာလဲ
ကိုယ့်ကိုပြော မင်းကိုစိတ်ဆင်းရဲအောင်လုပ်လို့
ကိုယ် သူ့ကိုအပြစ်ပေးမှဖြစ်မယ် "

ထိုစကားကြောင့် ဒေါ်သွေး ဦးခံ့ညားကို ခပ်
ပြင်းပြင်း ပါးရိုက်မိလိုက်၏

" ရှင်လူစိတ်မှရှိသေးရဲ့လား ရှင်‌လုပ်ရက်ကြောင့်‌ကျွန်မရင်နာရတာလေ ကျွန်မအရူး
တစ်ပိုင်းကြီးလိုအခုခံစားရတာလေ ဘယ်သူက
ရှင်ကဒီလိုပါလို့ ကျွန်မကိုလာပြောပြော သူ့မှာ
အပြစ်ကိုမရှိတာ ရှိတာက ရှင် . ရှင် ကျွန်မအပေါ်ယုတ်မာတာ "

" မင်းတော်လိုက်တော့ သွေးနုရောင် "

အံကြိတ်ထားတဲ့ ဦး ခံ့ညားဟာ ဒေါ်သွေးကြောင့် မေးရိုးကြီးတွေတောင် ထောင်တက်လာပြီး ဒေါသအရှိန်ဖြင့် အော်ဟစ်မိလေ၏

" ဘာလို့တော်ရမှာလဲ အဲ့ဒါဆို ကျွန်မသားက
ဘယ်လိုလုပ်မှာလဲ "

နောက်ကနေ ရပ်ကြည့်နေတဲ့ မယားကြီးဖြစ်သူ
ဒေါ်အဏ္ဏဝါခင် က မျက်နှာမဲ့လာကာ လှမ်းပြောလိုက်သည်

" ဒါဘာဖြစ်နေတာလဲ ငါ့အိမ်မှာ ဒီလိုတော့ရန်
လာမဖြစ်နဲ့ ဖြစ်ချင်ရင် နင့်အိမ်မှာသွားဖြစ်ပါ
လား ကောင်မရဲ့ "

If possible ~Where stories live. Discover now