If Possible ( Part - 3 )

Start from the beginning
                                        

" ဟင့် ~ ခရောင် မောင်လေး ၊ အမက‌ မောင်လေး ကို အရမ်းသတိရနေတာ မောင်လေးနဲ့
ထပ်မတွေ့ရတော့ဘူးလို့တောင်ထင်ထားတာ
ဟင့် ... မင်းကို အရမ်းသတိရတာပဲ "

တကယ်တော့ သိပြီးကြသလို ခရောင်ရဲ့
ဖခင်နဲ့မိခင်တို့ဟာ သူ ၁၀နှစ်သားအရွယ်ထဲက
လမ်းခွဲခဲ့ကြပါတယ် ဒါပေမယ့် ခရောင်ရဲ့ဖခင်
မှာ မယားကြီးနဲ့ သားသမီး ၂ယောက်ရှိခဲ့ပါတယ် ၊ ဒေါ်သွေးနုရောင်၏ရုပ်ရည်သွင်ပြင်မှာ
အင်မတန်ကျက်သရေရှိလှ၍ အပျိုအရွယ်တွင်
အမြဲ သူ့ဆံနွယ်ရှည်ကို ကျစ်နေအောင်စီး၍
စံပယ်ပန်းသီကုံးလေ့ရှိတာကြောင့်အဲ့ခေတ်က
သူမဟာ ပျိုမောင်တို့ရဲ့ အသဲစွဲမိန်းမလှလေး
တစ်ဦးဖြစ်ခဲ့ဖူးပါတယ် ၊ သူမ၏အသည်းနှလုံး
ကိုဘယ်သူကမှ ရင်ထဲထိအောင်မပေးစွမ်းနိုင်
ခဲ့ပေမဲ့ ဦးခံ့ညားရင်းဆက် နဲ့တွေ့စဉ်မှာတော့
သူဟာ သူမ၏အသည်းနှလုံးကိုဖမ်းစားနိုင်ခဲ့တယ် ၊ ဦးခံ့ညားရင်းဆက်ကလည်း ဒေါ်သွေးနုရောင် ကိုမြင်မြင်ချင်းချစ်မိ၍ ဦးခံ့ညားရင်းဆက်ဟာ အိမ်ထောင်ရှိလျက်နဲ့ ဒေါ်သွေးနုရောင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့တယ် ၊ ဒေါ်‌သွေးနုရောင်လဲသိပ်မကြာခင်မှာသားရတနာလေး
တစ်ယောက်ကိုမွေးဖွားခဲ့တယ် , ဦးခံ့ညားရင်းဆက်မှာမယားကြီးရှိတာကို ဒေါ်သွေးနုရောင်ကလည်း ဒီကိစ္စကိုမသိချေ ။ ဦးခံ့ညားရင်းဆက်ကလည်းပြောပြထားခြင်းမရှိတာလဲပါပါတယ်လေ ၊ ဒါပေမယ့် တစ်ပတ်မှာ ၇ရက်ရှိရင် ၅ရက်လောက်ကတော့ သူ့မယားကြီးအိမ်မှာပဲသူအခြေကျနေဖြစ်တယ်အဲ့လိုအချိန်တွေဆို သူ့မယားငယ် ဒေါ်သွေးကိုအလုပ်ကိစ္စကြောင့် ညဘက်အပြင်မှာအိပ်ရမည်ဆို၍ ဆင်ခြင်ဆင်လက်ဖြင့် အမြဲပေးခဲ့ပြီးထွက်ထွက်သွားတတ်တယ် ၊ တစ်နေ့ သားဖြစ်သူ " ခရောင်သွေး "ရဲ့
၁၀နှစ်ပြည့်မွေးနေ့ကို အိမ်မှာကျင်းပရင်း
မိသားစု စုံစုံလင်လင်ဖြင့် ဆင်နွှဲရအောင်
ညခင်းကြီး ဦးခံ့ညားရင်းဆက်ကို လှမ်းဖုန်းဆက်ကြည့်တော့ ဖုန်းမကိုင်တာကြောင့် သူ၏
မန်နေဂျာကို ဖုန်းဆက်တော့ မန်နေဂျာဖြစ်သူဟာ ဒေါ်သွေးနုရောင် ကို တစ်ဖက်သတ်ချစ်မိ
နေတဲ့သူတစ်ယောက် ၊ ဒေါ်သွေးနုရောင်ရဲ့
အဖြစ်ကိုသူကြည့်ပြီးမခံစားနိုင်လို့ အမှန်အတိုင်းပြောပြလိုက်တော့ မန်နေဂျာဖြစ်သူကြောင့် ဦးခံ့ညားရင်းဆက် ရဲ့ မယားကြီး
အိမ်ကိုသိပြီး ဒေါသ မီးတဟုန်းဟုန်းဖြင့်ရှက်ရွံ့မိပြီး အိမ်သို့ချက်ချင်းပင် သွားရောက်လာခဲ့
တယ်

If possible ~Where stories live. Discover now