If Possible ( Part - 3 )

Start from the beginning
                                        

ခရောင်နဲ့ ဉာဏ်တို့နှစ်ယောက်လျှောက်ရင်း
လျှောက်ရင်းတစ်ဝက်လောက်ရောက်တော့
ခရောင် နဲ့ ခင်နဲ့ တန်းတိုးသည်

" အယ် မောင်လေး "

" အော် အစ်မ "

" အသိလား ညီ "

" ဟုတ် "

" မောင်လေး အားလား အမတို့စကားပြောကြ
တာပေါ့ တွေ့လက်စ ရမလား "

" အင်း ဒါဆို ညီ အစ်ကိုတို့ပြန်နှင့်လိုက်တော့
မယ်နော် မှုံလည်းစောင့်နေပြီမို့လို့ နောက်မှပဲ
အေးဆေး ဆိုင်တစ်ခုမှာထိုင်ကြတာပေါ့ "

" ဟုတ်ကဲ့ အစ်ကို ဂရုစိုက်သွားပါ "

" အင်း အင်း ညီ "

ဉာဏ်က ကျောခိုင်းခဲ့သည် အဲ့တော့မှ

" မောင်လေး လာ ဟိုမှာထိုင်ရအောင် "

" ဟုတ် "

တွေ့တဲ့ထိုင်ခုံမှာနှစ်ယောက်သား ကောက်ထိုင်
လိုက်တော့သည်

" ဟူး ~ တွေ့ချင်နေတာကြာပြီ အခုမှပဲပြန်တွေ့
တော့တယ် "

" ဟုတ် "

" အဲ့တုန်းက ကမမ်းကတမ်းဆိုတော့ နာမည်
တောင်သေချာမသိလိုက်ရဘူး ဆိုစမ်းပါအုန်း
မောင်လေးနာမည်က "

စိတ်ဝင်တစားနဲ့ ပြုံးပြီး ကျွန်တော့်မျက်နှာကိုတည့်တည့်မတ်မတ်ကြည့်နေတဲ့ သူမကိုကြည့်ရင်း ကျွန်တော်မနေတတ်မထိုင်တတ်တော့ ၊
အပြစ်မကင်းသလိုလည်းခံစားနေရသဖြင့်
နောက်ဆုံးတော့ ကျွန်တော်တပ်ထားတဲ့ Mask
ကိုချွတ်ပစ်လိုက်တော့ သူမမျက်တောင်တစ်ချက်ခတ်ပြီး မျက်လုံးက အလိုက်သင့်လေး
ပြူးလို့လာတယ်

" မဟုတ်မှလွဲရော မောင်လေးက အန်တီ
သွေးနုရောင် ရဲ့ သား ခရောင်သွေး လားဟင် "

အော် ~ သူမကျွန်တော့်ကိုမှတ်မိသေးတာပဲ
ဘယ်လိုပဲဖြစ်ဖြစ် ၁၀နှစ်ကြာခဲ့တာတောင်မှ
ကျွန်တော့်ကိုသတိရမှတ်မိနေသေးလို့ တစ်ဝက်လောက်တော့ ဝမ်းသာမိတယ်

" ဟုတ်ပါတယ် ကျွန်တော် ခရောင်သွေးပါအမ"

ကျွန်တော်ပြန်ဖြေသည်ကိုသူမကြားပြီးတာနဲ့
မျက်ရည်လေးဝဲပြီး ကျွန်တော့်ကိုပွေ့ဖက်တယ်
ကျွန်တော်အံ့ဩလို့လည်းမဆုံးပါဘူး

If possible ~Where stories live. Discover now