တစ် Uni

921 44 2
                                    


မနက်နေရောင်ဖျော့ဖျော့ကြားပိုးချည်မျှင်တွေသွယ်တန်းနေသလို မိုးစက်တို့ကတ​ဖျောက်ဖျောက်ကျနေသည်...။

မနေ့ကစနေနေ့ညနေကတည်းကစွေလာသည့်မိုးကခုထိမတိတ်သေး...။ဒီနေ့မနက်ထိတစ်မ့်စိမ့်စွေရွာနေဆဲဲ...။သင်္ကြန်ရောက်တော့မည်ဖြစ်တာကြောင့် သင်္ကြန်မိုးပြေးဟန်ဆောင်လာသည်စွေမိုးပင်...။

၄လပိုင်းဆန်းကတည်းက တစ်ရက်ခြားလိုလိုမိုးဖွဲနေသည်မို့ နွေရာသီရဲ့လေရူးလေအဝှေ့ကျီဆယ်ချိန်မှာရိုးတံပါမကျန်ကြွေကျမြေခကုန်သသည့်သစ်ပင်တို့က အဖူးအသစ်တို့စီရီနေလေပြီ...။တစ်မိုးကောင်းကောင်း မိပြီးရင်တော့ ရွက်နုတို့ကအတိုးအဝှေ့ဝေလာကြတော့မည်...။

မနက်၆နာရီခွဲသာရှိသေးသည်မို့မိုးအေးတော့ မိုးစက်တစ်ယောက် နီညိုရောင်ကတ္တီပါစောင်အား ခေါင်းအထိဆွဲခြုံရင်း ပြန်ကွေးနေမိသည်...။အချိန်ရတုန်းကွေးထားမှ...ခဏနေ မေမေလာအော်တော့မည်ပင်...။

"မိုးတစ်စက်ရေ..."

ဟော...အတွေးမှမဆုံးသေး မာတာမိခင်၏ အော်ခေါ်သံထွက်လာလေပြီ...။

"သားကြီး မိုးစက်...ထတော့လေကွယ်..သင်္ကြန်မဏ္ဍပ်ဆောက်တာကူရမယ်ဆို...အချိန်လေးနဲ့ထပါသားရဲ့..."

အသက်၅၀ကျော်အရွယ်ပီပီ မေမေက ကုတင်ပေါ်ဘေးစောင်း၀င်ထိုင်ရင်းလေသံလေးဖြင့်လေချိုသွေးလာသည်...။

"အစောကြီးရှိသေး မေမေရာ...သားကဒီအချိန် သွားပြီးမဏ္ဍပ်ဆောက်မယ့်နေရာမှာပန္နပ်သွားရိုက်နေရမှာလားလို့..."

"ဟော...သားပဲ ဒီနှစ်သင်္ကြန် သင်္ကန်းစည်းမလို့ဆို...ဘကြီးဘုန်းဆီသွားလျှောက်ရအုံးမယ်လေသားရဲ့...နောက်တစ်ပတ်ဆိုရင်ပဲ သင်္ကြန်ကြိုပြီကို...."

မိုးစက် ခပ်တိုးတိုးသာ သက်ပြင်းချလိုက်သည်...။မထမချင်းနှိုးနေတော့မှာ...။

"ထပြီမေမေရ...ထပြီဗျ...သားကို မေမေကမချစ်ပါဘူးဗျာ..."

ဒေါ်လေးသီမိုးတစ်ယောက် ဆံပင်စုပ်ဖွားနဲ့ထထိုင်လာသည့်သားကို ကြည့်ရင်းပြုံးလိုက်မိသည်...။အိပ်ယာကနှိုးလို့မချစ်ဖူးလို့ထင်သတဲ့...။ကလေးလို့ပြောရအောင်လည်း အသက်ကဖြင့် ၂၉ထဲရောက်နေပြီ...။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now