" ကျွန်တော့်ကိုအခုလို လုပ်ပေးလို့ကျေးဇူး
အများကြီးတင်ပါတယ် ၊ အစ်ကိုကျွန်တော့်ကို
ကူညီပေးခဲ့တာတွေများပါပြီ ။ အားတောင်နာ
လာပြီ , ဒါပေမဲ့ ကျွန်တော့် Mask ကိုတော့
ကျွန်တော့်ခွင့်ပြုချက်မရဘဲ မချွတ်ပါနဲ့ဗျာ "
" ဘာဖြစ်လို့လဲ "
" ကျွန်တော်သဘောမကျလို့ပါ "
" အော် အင်းပါ ဟုတ်ပြီ မကြိုက်ရင် မလုပ်
တော့ပါဘူး "
ခရောင်က သူ့အားနည်းချက်ကို ဘယ်သူ့ကိုမှလောလောဆယ်မမြင်စေချင်တာကြောင့်
ဒီလိုပြောလိုက်မိခြင်းပါ , သူ့မျက်နှာပေါ်က
ဒီအမာရွတ်ကြီးကြောင့် အားလုံးနီးပါးသဘောမကျတဲ့သူ့မျက်နှာပေါ်က ဒီဒဏ်ရာ ~
သူက သူ့ကိုယ်သူရုပ်မလှဘူးလို့ခံယူပြီးသားမို့ သူချစ်ရတဲ့သူ ထိုအရာကိုမြင်တွေ့ရင် သူ့ကိုစိမ်းကားသွားမှာတို့ ဘာတို့ ထိုအတွေးတွေဆက်တိုက်တွေးမိနေတာကြောင့်
အနဲဆုံးတော့ အချိန်ခဏလောက်လေး သူချစ်
ရတဲ့သူနဲ့ ခင်မင်ခွင့်ရချင်တာရယ် ၊ ရင်းနှီးခွင့်
လေး ပျော်ရွှင်ခွင့်လေးတော့ အနဲဆုံးဖြစ်နိုင်ရင်
ရချင်သေးတာကြောင့် သူမဖြစ်မနေဒီလိုပဲ
နေနေရမှာပဲ ၊ အချိန်တန်လာတဲ့တစ်နေ့တော့
သူလဲထွက်ပြေးပုန်းရှောင်နေလို့မရတော့မှာကို
ကြိုသိလို့ အချိန်တန်လာရင်တော့ သူ့အတွက်
သူ့ကမ္ဘာက မှောင်မိုက်သွားအုန်းမယ်လို့ သူ
ယူဆထားတယ် ( အခုလိုလိုက်ကူညီပေးနေတဲ့ဒီလူကတကယ်ပဲဘယ်သူလဲ )🥀
" ဒါဆို ခင် ကိုကြီး သွားစရာရှိလို့သွားတော့မယ်နော် မင်းကသိပ်မသက်သာသေးတော့ မနက်ဖြန်မှအိမ်ပြန်ရင်ပြန်လိုက် "
" ဟင့်အင်း ကျွန်တော်အခုပြန်မှာပါ အမေစိတ်ပူနေမှာစိုးလို့ အမေကနောက်ကျရင် စိတ်ပူတတ်လို့"
" ဒါပေမဲ့ မင်း . "
" ကျွန်တော့်ကိုစိတ်မပူပါနဲ့ အခုနေလို့ကောင်းပါတယ် "
" အင်း မင်းသဘောပဲ , ခင် ကိုကြီး သွားပြီနော် "
" ဟုတ် ကိုကြီး "
အခန်းထဲကနေ ထွက်သွားတဲ့ သူ
" အမ် ဒါနဲ့ ဘယ်နနှစ်လဲဟင် "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
