" အဖျားက ၁၀၂ ရှိတယ် ကိုကြီး ၊ အပြင်မှာက
နေကလည်းတအားပူတော့ နေဒဏ်ကြောင့်
ချွေးစီးတွေအလွန်ထွက်ပြီး ခေါင်းမူးလာလို့
သတိလစ်သွားတာပဲဖြစ်မယ်ထင်ပါတယ် "
" နေအုန်း ခင် ၊ မနေ့က ကိုကြီးသူနဲ့ဆုံသေးတယ် ။ ခင်လဲသိမှာပါ မနေ့ညနေလောက်က
မိုးတွေသည်းကြီးမဲကြီးရွာတာလေ . အာ့သူ့ကို
တွေ့တော့ ထီးမပါဘူး အဲ့ဒါနဲ့ကိုကြီးမှာလည်း
ထီးပါလာတော့သူ့ကိုပေးလိုက်ပါသေးတယ်
ဒါပေမဲ့ အဲ့မတိုင်ခင် သူမိုးမိထားတယ်ခေါင်း
တွေမှာလဲ မိုးရေတွေနဲ့တစ်ကိုယ်လုံးနီးပါး စိုရွှဲ
တာ "
" အာ့ကြောင့် သူမိုးမိလို့ဖျားတာဖြစ်မယ်အစ်ကို အဲ့ဒါကိုဒီလိုအချိန်ကြီးမှာ အပြင်ထွက်
ပြီးသွားလာနေတော့ နေရောင်ဒဏ်ကြောင့်
ဒီလိုဖြစ်သွားတာ တော်သေးတာပေါ့ အနဲဆုံး
ဦးထုပ်လေးဆောင်းထားလို့တော်သေးတယ်
ပြောရမယ် "
" အင်း ဒါနဲ့ သူ့ကိုတွေ့ရင် Mask တပ်ထားတာပဲတွေ့တယ် မပူဘူးလားမသိ , ချွတ်ပေးလိုက်
ရမလား "
" အင်းနော် "
" ကိုကြီးချွတ်လိုက်မယ် "
Mask ချွတ်ဖို့လုပ်ပေးနေစဉ်မှာပဲ ခရောင်က
သတိရလာပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့
" မင်း သတိရလာတာလား "
လှဲရာမှ ကောက်ထပြီး အလန့်တကြားဖြစ်နေလေရဲ့
" ဟမ် ~ ကျွန်တော်ဘယ်ကိုရောက်နေတာလဲ
ကျွန်တော့်ကိုဘာလို့ဒီကိုခေါ်လာရတာလဲ ဒါနဲ့
ကျွန်တော့် Mask ကိုချွတ်လိုက်မိသေးလား "
" ချွတ်မလို့လုပ်နေရာကာနဲ့ မင်းသတိရလာလို့
ပေါ့ "
" ဘာလို့လဲ ဘာကြောင့် mask ကိုချွတ်ချင်ရ
တာလဲ "
" မင်းကြည့်ရတာပူလို့လေ ငါတောင်အသက်ရှူ
ကျပ်လာသလိုပဲ မင်းကြည့်ရင် . မလိုအပ်ဘဲ
Mask တပ်စရာမလိုပါဘူး ပြီးတော့မင်းလမ်းမှာ သတိလစ်ပြီးနောက်ပြန်လန်ကျတော့မလို့
မင်းကိုလှမ်းဖမ်းလိုက်တာ မဟုတ်ရင်အခုဆို
ခေါင်းကွဲနေလောက်ပြီ ၊ အာ့နဲ့တန်းပြီး မင်းရဲ့
အိမ်လိပ်စာလဲမသိတော့ လိုက်ပို့လို့မရဘဲ
ကိုယ့်အိမ်ကိုပဲ တန်းခေါ်သွားတာ . ကိုယ့်ညမ
ကလဲ ဆရာဝန်ဆိုတော့ သူ့ဆီပြကြည့်တာနဲ့
အဆင်ပြေသွားတာပေါ့ "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
