" ကထင် . ကား နောက်တံခါးမြန်မြန်ဖွင့်ပေး "
" ဟုတ်ကဲ့ သခင်လေး "
ကားနောက်ခန်းကိုဖွင့်ပြီးတာနဲ့ ပွေ့ချီထားတဲ့
ကောင်လေးကို ကားထိုင်ခုံပေါ်မှာ တင်စေပြီး
မှ သူလည်းကားနောက်ခန်းမှာပင် ထိုင်မိတော့
တယ်
" သူကိုယ်တွေအရမ်းပူနေတယ် "
" ဆေးရုံသွားမလား သခင်လေး "
" ဆေးရုံကိုမမောင်းနဲ့တော့ အိမ်ကိုပဲတန်းပို့ပေးအိမ်မှာလဲ ခင် ရောက်နေတာမို့ သူ့ကိုပဲ ကြည့်ခိုင်းရမှာပေါ့
" ဟုတ်ကဲ့သခင်လေး "
အိမ်သို့ရောက်တာနဲ့ ကားတံခါးကိုချက်ချင်း
ဖွင့်ကာ ခရောင်ရဲ့ကိုယ်ကိုပြန်ပွေ့ချီပြီး အိမ်ထဲ
သို့ တန်းဝင်မိတော့
" ကိုကြီး သူက ဘယ်သူလဲ "
" ကိုကြီး အခန်းထဲကိုလိုက်လာခဲ့ "
လှေကားပေါ်တက်ပြီးမှ သူ့အခန်းက ပထမဦးဆုံးက ထောင့်အခန်း ၊ ဝင်ပြီးပြီးချင်းမှာပင်
သူ့ရဲ့ကုတင်အကြီးကြီးပေါ် ခရောင်ရဲ့ခန္ဓာကိုယ်သေးသေးလေးကို တင်မိလိုက်တော့
ခရောင်ရဲ့ ခန္ဓာကိုယ်လေးကပျောက်သွားသည့်
အလားပဲ ~
" သူ့ကိုတချက်ကြည့်ပေးပါအုန်း လမ်းမှာ
သတိလစ်ပြီး နောက်ပြန်လဲတော့မလို့ ကိုကြီး
အနောက်ကနေ လှမ်းဖမ်းလိုက်မိလို့တော်သေး
တယ် မဟုတ်ရင်ခေါင်းကွဲနေလောက်ပြီ ၊ ကိုယ်
တွေလည်းပူကျစ်နေတာပဲ "
ခရောင်ကို ကယ်လိုက်တဲ့သူက ခန့်ရင်းဆက်
ဆိုတဲ့သူပါ . အသက်ကတော့ ၂၇ နှစ်ရှိပါပြီ သူက Bangkok မှာကိုယ်ပိုင်ကုမ္ပဏီတစ်ခုရှိသလို ဒိတ်ဒိတ်ကြဲ စီးပွားရေးဘက်မှာ အောင်မြင်ကျော်ကြားတဲ့လုပ်ငန်းရှင်
တစ်ယောက်ပါ ၊ ချမ်းသာလိုက်တာဆိုတာကလဲ BangKok မှာ KS group company လို့
မေးကြည့်လိုက်တာနဲ့ ချမ်းသာတဲ့မျိုးနွယ်စုက
သူဌေးတွေ အကုန်သိသလောက်ပါပဲ . သူ့မှာ
ညီမလေးတစ်ယောက်ရှိပါတယ် . သူနာမည်က
ခင်ရင်းဆက် ၊ ခင်ရင်းဆက်ဟာ ဆရာဝန်တစ်ယောက်ပါ , သူမအသက် ၂၅နှစ်ရှိပါပြီ , လူအများစုမသိကြသေးတဲ့ သူမရဲ့ခြွင်းချက်တစ်ခုဟာဆိုရင် သူမဟာ Lesbian တစ်ယောက်ပါ ~
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
