If possible ( Part - 2 )

Start from the beginning
                                        

" ပင်ပန်းသွားပြီလား ညီ "

" အရမ်းကြီးလဲမဟုတ်ပါဘူး အစ်ကိုရဲ့ .
ကျွန်တော်ကလုပ်နေရရင်ကို‌ပျော်နေတာပါ "

" ညီက ဒါတွေနဲ့ပတ်သက်ပြီး လေ့လာထားတာ
တွေ လုပ်တတ်ကိုင်တတ်ဖူးတော့ အစ်ကို့ဘက်က အများကြီးတောင် သင်ပေးစရာမလိုဘူး
ညီ‌က တော်တော်တောင် တတ်နေတာပဲ "

" မြှောက်လွန်းနေပါပြီအစ်ကိုရာ "

" ဟုတ်ပါပြီ ဒါဆိုညီပြန်လိုက်တော့နော် မျက်နှာလေးလဲ ပုံမှန်လောက် မလန်းသေးတာမို့ အပြည့်အဝအနားယူဖို့လိုအပ်တယ်ညီ .
ကျန်းမာရေးကအရေးကြီးတယ် ညီရဲ့ ~
ဒါကြောင့် မနက်ဖြန်အလုပ်မလာလဲဖြစ်တယ်
နော် ဆိုင်မှာ အစ်ကိုနဲ့ ဝန်ထမ်းညီလေးတစ်ယောက်ရှိမှာမို့ ဘာမှမပူနဲ့ ၊ ညီနေပြန်ကောင်း
လာမှ အစ်ကို့ကိုလှမ်းဖုန်းဆက်နော် "

" ဟုတ်ကဲ့အစ်ကို ကျေးဇူးပါနော် အစ်ကို "

" ရပါတယ်ဗျာ "

" ဟုတ်ဒါဆိုခွင့်ပြုပါအုန်းနော် "

" အင်း ကောင်းကောင်းသွားနော် လမ်းမှာလဲ
ဂရုစိုက်ပြီးသွားအုန်း "

" ဟုတ် "

ကျောခိုင်းပြီး ဆိုင်ထဲကနေလှည့်ထွက်လာခဲ့
တယ် ညနေ ၄ပဲခွဲနေပြီဖြစ်ပေမဲ့ နေရဲ့အပူဒဏ်
ဟာ မြင့်၍လေစဲ . ကားစီးဖို့ ကားဂိတ်သွားမည်
ကျန်တော့လည်း စီးမည့်ကားက ပေါ်မလာ ၊
ဒီနေ့တော့ ကားတော်တော်ကျပ်နေတယ် ၊
ခရောင်တစ်ယောက်တော့ Taxi ပဲစီးသွားရတော့မယ်ထင်ပါတယ်

အဲ့ဒါနဲ့ ကားများလာမလားလို့ လမ်းဆက်လျှောက်မိပြီး လျှောက်ရင်းနဲ့ ခေါင်းကမူးလာ
တော့ လျှောက်နေရာကနေ ရပ်မိလိုက်တယ်
ချွေးစီးတွေကလဲကျ ၊ ခြေလည်းမခိုင်တော့ တော့ အရမ်းမူးပြီးနေလို့မကောင်းလာလို့နောက်ပြန်လန်ကျပြီးလဲကျမလိုဖြစ်စဉ် နောက်ကနေလှမ်းဖမ်း၍ ခန္ဓာကိုယ်သေးသေး
ကွေးကွေးလေးကို ဖမ်းဆယ်မိလိုက်တဲ့သူက
ဖမ်းလို့မိပြီးချင်းချင်း ကောင်လေးကိုငုံ့ကြည့်
မိလိုက်တော့

" မင်းပဲလား "

ခန္ဓာကိုယ်ကအရမ်းကိုနွေးနေတာကြောင့်
ကိုယ်များပူနေမလားဆိုပြီး နှဖူးကိုစမ်းကြည့်
မိတော့ ကိုယ်ကျစ်ကျစ်တောက်ပူနေတာကို
သိလိုက်ရတာမို့ချက်ချင်းပင် ပွေ့ချီလိုက်မိပြီးသူ့ရှေ့မှာရပ်ထားတဲ့ သူ့ကားက Car Driver ကိုလှမ်းပြီး ကား‌အနောက်ခန်းကိုဖွင့်ခိုင်းတော့တယ်

If possible ~Where stories live. Discover now