If possible ( Part - 2 )

Start from the beginning
                                        

Bakery ဆိုင်ထဲသို့ ဝင်ရောက်လာတော့

" အာ ~ ညီရောက်ပြီလား "

" ဟုတ်ကဲ့ "

သူဌေးက ခရောင်ရဲ့ ရှေ့သို့ရောက်လာပြီး
ခရောင်ရဲ့ မျက်နှာကိုကြည့်တော့

" ညီ နေမကောင်းဘူးလား "

" ဗျာ . အာ ဟုတ် နဲနဲပါ အစ်ကို "

" ဟာ ဖျားနေရင်အစ်ကို့ကို ကြိုဖုန်းဆက်ပေါ့
ညီရဲ့ . အာ မေ့လို့ မနေ့က လောလောလောနဲ့
ပြောလိုက်ရတော့ ကိုယ့်ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်
တောင် မပြောမိလိုက်ရဘူးနော် "

" ဟုတ်တယ် အစ်ကို "

" အစ်ကို့နာမည်က တည်တံ့ဉာဏ် ပါ . အသက်ကတော့ ၂၇ပါဗျ . ဖုန်းနံပါတ်ကိုတော့ ဒီလို
နေမကောင်းတဲ့အချိန်တွေမှာ ဒါမှမဟုတ် အရေးကြီးကိစ္စလေးရှိတာကြောင့် ခွင့်ယူချင်
တာတို့ ၊ မဖြစ်မနေခွင့်ယူကိုခွင့်ရမယ့်အခါဆို
ရင် လှမ်းဖုန်းဆက်လိုက်နော် ~ အယ် ဒါပဲ
မဟုတ်ဘူးနော် အကူအညီလိုရင်လဲ အစ်ကို့ကို
ဆက်လိုက်ပါ ဟုတ်ပြီလား ရော့ ဒီမှာဖုန်းနံပါတ်ကဒ်လေး "

" ဟုတ်ကျေးဇူးပါ "

" ဒါဆို လုပ်ငန်းစကြရအောင်လေ ဆိုင်ကလုပ်
တဲ့ မုန့်လုပ်နည်းလေးတွေကို အသေးစိတ်ပြောပြရင်းတခါထဲ သင်ပေးမှာမို့ ညီ . အဆင်ပြေ
ပါ့မလား ညီ နေလည်းမကောင်းတော့ ပင်ပန်း
နေအုန်းမယ် "

" အာ ရပါတယ် အစ်ကိုရ . ကျွန်တော်လုပ်နိုင်
ပါတယ် လာ အထဲသွားကြရအောင်လေ "

" အင်း ညီ "

မုန့်လုပ်တဲ့အခန်းထဲကို ဝင်လိုက်တော့ မုန့်လုပ်တဲ့ စားပွဲပေါ်တစ်ပြင် အသုံးပြုရမယ့်ပါဝင်ပစ္စည်းတွေအားလုံးက အသင့်ရှိနေပြီ

" အစ်ကိုက ပြင်တောင်ပြင်ဆင်ထားပြီးပြီပဲ "

" အင်း ဟုတ်တယ် ညီ "

" ဒါဆို စပြောမယ်နော် အရင်ဦးဆုံး ဂျုံမှုန့်ထဲကို ကြက်ဥဖောက်ထည့် ပြီးရင် ဒါလေးနဲ့မွှေ
မွှေပြီးရင် ရေအနဲငယ်လေးထည့်ပေး ..............................

___________________

ညနေလဲစောင်းသွားခဲ့ပြီ ၄နာရီထိုးတော့မှပဲ
အလုပ်အကုန်ပြီးပြတ်တော့သည်

If possible ~Where stories live. Discover now