" အမေ ကျွန်တော်မသွားလို့မရဘူး သူဌေးက
ခေါ်ထားတယ်အမေရဲ့ "
ဘယ်လောက်တောင်ဖျားနေလဲဆိုရင် အသံ
တောင်မထွက်တထွက်ဖြစ်နေခဲ့တယ်
" ပြီးတော့ သား မနားချင်ဘူး . မနေ့ကမှအလုပ်
ခန့်တာခံလိုက်ရတဲ့ ဝန်ထမ်းတစ်ယောက်က
ဒီနေ့ကို ဆိုင်မလာဘဲ ခွင့်ယူတာကြီးက မဖြစ်သင့်ဘူးလေ အမေ . ရပါတယ် သား ရေပတ်တိုက် ပြီးပဲ သွားလိုက်မယ်နော်အမေ "
" သားရယ် ဖြစ်ရဲ့လား အမေစိတ်ပူတယ် သား
အမေ့မှာသားတစ်ယောက်ပဲရှိတာ အမေ့ကို
စိတ်ပူအောင်မလုပ်ပါနဲ့သားရယ် "
" စိတ်မပူနဲ့နော် အမေ . ကျွန်တော်တကယ်
အဆင်ပြေပါတယ် ဒါဆိုကျွန်တော်ရေပတ်တိုက်လိုက်အုန်းမယ်နော် "
လှဲရာမှထပြီး ရေချိုးခန်းထဲသို့တန်းဝင်သွား
တော့တယ် . အားလုံးပြင်ဆင်ပြီးတော့ အောက်ထပ်ကို ဆင်းလာခဲ့တယ် . နေမကောင်းတာ
ကြောင့် ဒီနေ့မှာ အနက်ရောင်တီရှပ်လေးကို
ဝတ်ဆင်ထားပြီး အပေါ်က ဇီးအရောင်အနွေးထည်အပါးလေးကိုထပ်ကာ ဂျင်းဘောင်းဘီအပြာလေးနဲ့
" အမေ သား မနက်စာကိုအပြင်မှာပဲ စားလိုက်
တော့မယ်နော် "
" အင်းအင်းသား . သားရဲ့ဦးထုပ်လေးဆောင်း
သွားပါလား အပြင်မှာနေအရမ်းပူတော့ ခေါင်းပူ ရင် ပိုအဖျားတက်နေအုန်းမယ်ရယ် "
" ဟုတ်ဟုတ် သား ဆောင်းလိုက်မယ်နော် "
Nike ဦးထုပ်အဖြူလေးကို ဆောင်းလိုက်ပြီးမှ
လွယ်အိတ်ကိုလွယ်ကာ အိမ်ထဲကမထွက်ခင်လေး အမေ့မျက်နှာကို အနမ်းတစ်ပွင့်ပေးခဲ့လေတယ်
" သွားပြီနော်အမေ "
" ကောင်းကောင်းသွားနော် ဟိုရောက်ရင်အစာ
စားပြီးရင် ဆေးလဲသောက်ဖို့မမေ့နဲ့အုန်း "
အမေဖြစ်သူကိုပြုံးပြလိုက်ပြီး ကျောခိုင်းကာ
အိမ်အပြင်သို့ထွက်ခွာခဲ့သည် ~
_________________
ဒီနေ့ရဲ့နေအပူချိန်ဟာ မနေ့ကထက်ပို၍ အပူချိန်ပိုများပြီး ခရောင်သွေးမှာတော့ လမ်းတစ်လျှောက် ချွေးစီးတွေနဲ့ ၊ လှည်းတန်းဘက်
မှာပဲ တွေ့ရာ ဆိုင်လေးထဲဝင်ထိုင်ပြီး ဖြစ်သလို
လေး မနက်စာစားခဲ့ပေမဲ့ နေမကောင်းတာကြောင့် ပါးစပ်ခံတွင်းမတွေ့ခဲ့ချေ ။ ဆိုင်ထဲမှာပဲ စားပြီးပြီးချင်း လွယ်အိတ်ရဲ့ ဘေးဘက်က
အိတ်ကပ်ထဲမှ ရေဘူးနဲ့ ဆေးကိုနှိုက်ကာ ရေနဲ့
အတူ ဆေးကိုမော့သောက်ပလိုက်တယ် . ပြီးမှ
ဆိုင်ထဲကနေ ထွက်ကာ Bakery ဆိုင်သို့ ခြေ
ဦးတည်ခဲ့ပါတယ်
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
