" အမေ ဒါဆိုသားအိပ်တော့မယ်နော် ပင်ပန်း
နေပြီမို့လို့ "
" အင်းသား နားလိုက်တော့နော် အိပ်ရေးဝဝ
အိပ်ပစ်လိုက် မနက်ကျ အမေအပေါ်တက်နှိုး
ပေးမယ် "
" ဟုတ်အမေ Good Night ပါ "
အပေါ်ထပ်သို့တက်ပြီး အိပ်ခန်းထဲကိုဝင်ကာ
ခုတင်ပေါ် ဖြည်းဖြည်းသာသာလေး ကိုယ်ကို
လှဲချပြီးမှ အရင်ဆုံးမျက်လုံးနှစ်ဖက်ကိုစုံမှိတ်
လိုက်၏
" ငါဘယ်လိုလုပ်ရမလဲ . ဟက် ငါ့အမေကို
ဘယ်လိုပြောသင့်လဲ "
ခေါင်းတွေမူးလာတာနဲ့ ချက်ချင်းပင်အိပ်မော
ကျသွားခဲ့သည်
___________________
မနက်ခင်း ၈နာရီလဲထိုးလေပြီ ။ ခရောင်ရဲ့
အမေဖြစ်သူကတော့ သူ့သားဖြစ်သူကို နှိုးရန်
အပေါ်ထပ်သို့တက်သွားလေသည်
ဒေါက် . ဒေါက် . ဒေါက်
( အမေရဲ့တခါးခေါက်သံ )
" သား ခ ရေ . ထတော့လေ ခဏနေရင် အလုပ်
သွားရတော့မယ်မလား . ရေလဲချိုးရအုန်းမှာမို့
ခ ရေ ထတော့ "
" ခရောင် သားရေ ထတော့လေ "
အခန်းတံခါးကိုဖွင့်ကြည့်မည်လုပ်တော့ မနေ့ညက ခရောင် သူ့အခန်းတံခါးကို Lock မချဖြစ်ခဲ့ဘူးထင်ပါတယ် . ထိုကြောင့်ပဲ ခရောင်ရဲ့
အမေဟာ သူ့သားအခန်းထဲဝင်ပြီး ကုတင်ပေါ်
ထိုင်လိုက်ကာ စောင်ခြုံပြီး အိပ်ပျော်နေတဲ့
သူ့သားလေးရဲ့ ပုခုံးကိုငြင်သာစွာကိုင်ရင်း
လှုပ်နှိုးလေတယ်
" သား ထတော့လေ . အလုပ်သွားရတော့မယ်
မလား သား ခရောင် "
ဘယ်လောက်နှိုးနှိုး နိုးမလာတဲ့သူ့သားကို
သတိထားမိတော့ ချက်ချင်းပဲ လည်ပင်းကို
စမ်းကြည့်လိုက်မိသည် ၊ သေချာနေတော့တာပဲ
ကောင်လေး အဖျားတက်နေလေပြီ
" သား ခရောင် သား ကိုယ်တွေပူနေတယ်
နေမကောင်းဘူးလား သား "
အဲ့တော့မှ သူမျက်လုံးဖွင့်ကြည့်ပြီး
" အမေ "
" သား နေမကောင်းဘူးလား ကိုယ်တွေပူနေ
တယ်သားရဲ့ ဖြစ်နိုင်ရင် အလုပ်မသွားပါနဲ့လား
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If possible ( Part - 2 )
Start from the beginning
